Thursday 6 September 2012

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာက လယ်သမား ဦးမောင်ညိုက ပင်လယ်ကိုးသွယ် ကုမ္ပဏီကို တရား စွဲဆို


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာက လယ်သမား ဦးမောင်ညိုက ပင်လယ်ကိုးသွယ် ကုမ္ပဏီကို တရား စွဲဆိုလိုက်ပါတယ်။

ပင်လယ်ကိုးသွယ် စိုက်ပျိုးရေး ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့ ရန်ကုန်တိုင်း
လွှတ်တော်အမတ် ဦးအောင်သန်းဦးနဲ့ မန်နေဂျာ အပါအဝင် ဝန်ထမ်း ၅ ဦးကို လယ်ယာမြေတွေ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် လယ်ယာမြေ ကျူးကျော်မှုနဲ့ ဒီကနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေ ၇ ဧကခွဲမှာ ၂၅ နှစ်ကြာ လုပ်ကိုင်
ခဲ့တဲ့ ဦးမောင်ညိုက ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂ဝ အရ အကျိုးတူ အကြောင်းပြ လယ်မြေ လိမ်လည်ရယူမှု၊ ပုဒ်မ ၄၄၇အရ လယ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၆ အရ ပျိုးကြဲမျိုးစပါးနဲ့ စပါးပျိုးပင်ပေါက်တွေကို အကျိုးဖျက်ဆီးမှု အရ
တိုင်တန်းခဲ့တာပါ။

ဒီအမှုကို လူ့အခွင့်အရေး ဆောင်ရွက်လှုပ်ရှားတဲ့ ရှေ့နေ ကိုဖိုးဖြူက အကျိုးဆောင် အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာမှာ ပင်လယ်ကိုးသွယ် စိုက်ပျိုးရေးကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေဧက ၅ ရာရှိပြီး တခြား လယ်သိမ်းခံရတဲ့ လယ်သမားတွေ လည်း အများအပြား ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ပင်လယ်ကိုးသွယ် အပါအ၀င် စိုက်ပျိုးရေး အမည်ခံ စီးပွားရေးကုမ္ပဏီ ၁၂ ခုက မြေဧက ထောင်နဲ့ချီ သိမ်းယူခဲ့တဲ့အပေါ် လယ်သမားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

By RFA Burmese

No comments:

Post a Comment