Thursday 6 September 2012

သြဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး ဆုများ ရန်ကုန် ယူနိုက်တက် ရရှိ


၂၀၁၂ မြန်မာ နေရှင်နယ်လိဂ်၏ သြဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး ကစားသမားနှင့် နည်းပြဆု
များအား ရန်ကုန် ယူနိုက်တက် အသင်းမှ တိုက်စစ်မှူး ဆီဇာနှင့် နည်းပြချုပ် အိုင်ဗင်ကိုလက်ဗ်တို့ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဆုအတွက် သြဂုတ်လ အတွင်း ကစားခဲ့သည့် ပွဲစဉ် (၃)ပွဲအပါအ၀င် စက်တင်ဘာ လဆန်းပိုင်းက ကစားခဲ့သည့် အပတ်စဉ် (၂၅)မှ ပွဲစဉ်များအား ထည့်သွင်း တွက်ချက်ခဲ့ကြောင်း ဆုရွေးချယ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရသည်။ ထို့ကြောင့် ရန်ကုန်အသင်း အတွက် ၄ပွဲ ကစားရာတွင် ၄ဂိုးအထိ ခြေစွမ်းပြ သွင်းယူခဲ့သည့် အပြင် အသင်းဖော်များ ဂိုးရရှိရန် ဖန်တီးပေးခဲ့သည့် ဘရာဇီးလ် တိုက်စစ်မှူး ဆီဇာမှာ တစ်လတာ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့သည်။

နည်းပြချုပ် အိုင်ဗင်ကိုလက်ဗ် မှာမူ အဆိုပါ ပွဲစဉ် ၄ပွဲတွင် ရတနာပုံနှင့် အဝေးကွင်းတွင် သရေကျခဲ့သည့် ပွဲစဉ်မှ လွဲ၍ ကျန် ပွဲစဉ် ၃ပွဲစလုံးအား အနိုင်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ကာ အသင်းအား နောက်ဆုံး ရက်သတ္တပတ် ပွဲစဉ်မတိုင်မီ အထိ အမှတ်ပေး ဇယား ထိပ်ဆုံးမှ ဦးဆောင်စေခဲ့သည်။ အဆိုပါ ဆုများအား လာမည့် စက်တင်ဘာ ၈ရက်နေ့တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကြမည့် ရန်ကုန် ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်တို့ ပွဲစဉ် ပထမပိုင်း အပြီးတွင် ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

By Soccer Myanmar

No comments:

Post a Comment