Thursday 6 September 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နုတ်ထွက်ပြီ


လွှတ်တော် ရေးရာ ကော်မတီများအဆောက်အဦကို တွေ့မြင်ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို  မိမိတို့ သဘောဆန္ဒအတိုင်း နှုတ်ထွက်ခွင့်
ပြုလိုက်ကြောင်း ည ၈နာရီ အစိုးရ ရုပ်သံသတင်းတွင် ကြေညာသွားသည်။

အမျိုးသားလွှတ်တော်၏ ဆုံး ဖြတ်ချက် ဖြစ်သော “အခြေခံဥပဒေခုံရုံးသည် အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ခြင်း ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း” တို့ကြောင့် စွပ်စွဲပြစ်တင်ချက်လိုက်သည့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး နာရီပိုင်းအကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ခုံရုံး အဖွဲ့ဝင်အားလုံး နှုတ်ထွက်သွားသဖြင့် ရက်သတ္တပတ်အတန်ကြာ သမ္မတ၊ အခြေခံဥပဒေခုံရုံးနှင့် လွှတ်တော်တို့အကြား ဖြစ်ပွားနေခဲ့သည့် အားပြိုင်မှုတွင် အခြေခံဥပဒေ ခုံရုံးနှင့် သမ္မတတို့ဘက်မှ အလျော့ပေးလိုက်သည့် သဘောဖြစ်သည်။

ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်များ အားလုံး ၎င်းတို့၏ သဘောဆန္ဒအတိုင်း နှုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သမ္မတကြီး ဦးသိန်းစိန် ကြေညာသော်လည်း အမှန်မှာ လွှတ်တော်နှင့် အားပြိုင်မှုတွင် အရှုံးပေးသည့်သဘောဖြင့် နှုတ်ထွက်ခိုင်းခြင်း ဖြစ်မည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။    ။

By Yangon Press International

No comments:

Post a Comment