Thursday 6 September 2012

အသစ်ထွက်မည့် iPhone 5 အား တရားစွဲရန် တရုတ် GooPhone i5 မှ အသင့်စေ

ယခု သတင်းကို လက်တလောကမှ မူပိုင်ခွင့် တရားရင်ဆိုင်ရာမှာ နိုင်သွားတဲ့ Apple ပရိတ်သက်တွေ ကြားလို၊ သိလိုကြမယ်မထင်ပါဘူး။

ဘာဖြစ်လို့ပါလဲ။ Android သုံးထားတဲ့ Phone တစ်လုံးက ထွက်အံ့ဆဲဆဲ iPhone 5 ကို ပုံစံ ဒီဇိုင်း မူပိုင်ခွင့်အတွက် တရားစွဲဖို့
အသင့်စောင့်နေလို့ပဲ ဖြစ်ပါတယ်။

iPhone 5 ကို Apple က မထုတ်ရသေးပါဘူး။ စက်တင်ဘာ ၁၂ရက်နေ့မှာသာ ကြေငြာမယ်လို့ဆိုထားရပါသေးတယ်။ တရုတ်နိုင်ငံမှာ ၀ယ်လို့ရနေပါပြီ။ GooPhone i5 ဆိုတဲ့ Phone ဟာ iPhone 5 နဲ့ ပုံစံတူ ဖြစ်ပြီး၊ Android Ice Cream Sandwich (4.0) ပါဝင်ပါတယ်။ အဆိုပါဖုံးရဲ့ ပုံစံဟာ ပေါက်ကြားထားတဲ့ iPhone 5 နဲ့ ပုံစံအားဖြင့် ချွတ်စွတ်တူတယ်လို့ ပြောကြားနေကြပြီး၊ အဆိုပါ ပုံစံကို GooPhone တရုတ် ထုတ်လုပ်သူက တရုတ်နိုင်ငံမှာ Design ကို တရားဝင် မှတ်ပုံတင်ထားပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

သို့အတွက်ကြောင့် iPhone 5 သာ အဆိုပါ ပုံစံအတိုင်း ထွက်လာခဲ့မယ်ဆိုရင် Design မူပိုင်ခွင့်ကို GooPhone က လက်ဦးကာ ရယူထားပြီးသား ဖြစ်တဲ့အတွက် Apple တော့ တရားစွဲဆိုခံရနိုင်ပါတယ်။

GooPhone ဟာ iPhone 5 Clone ဖြစ်တယ်လို့ ပြောလို့မရအောင် Design သာတူပြီး ပါဝင်တဲ့ Specification က ခြားနားတာ တွေ့ရပါတယ်။



iOS6 ကဲ့သို့ ICS ကို ပြောင်းလဲထားပြီး၊ Nvidia Tegra 3 Quad Core 1.4 GHz Processor, 1GB Ram, 8 Mps Camera, 4inch Display နဲ့ 1280x720 pixels မျက်နှာပြင်ပါဝင်ပါတယ်။

ငပြူးကပဲ ပြဲတယ်လို့ ဆိုရမလား အဆိုပါ GooPhone ထုတ်လုပ်သူတွေက အကယ်လို့သာ iPhone 5 ထွက်လာရင် တရုတ်နိုင်ငံမှာ မရောင်းရဖို့ ပိတ်ပင်တားဆီးသွားမယ်လို့ ပြောကြားနေကြပါသေးတယ်။

လောလောဆယ်မှာ www.GooPhone.hk ဆိုတဲ့ အဆိုပါ Phone ရဲ့ တရားဝင်ဆိုက်ဟာ Offline ဖြစ်နေပါတယ်။

အမြဲလျှို့ဝှက်တက်တဲ့ Apple က လျှို့ဝှက်လွန်းလို့ Patent ကို နောက်ကျပြီး တရုတ်တွေရဲ့ လက်ဦးမှုကို ခံသွားရမလား၊ Android အသုံးပြုသူတွေအတွက် တရုတ်မှာ Apple iPhone 5 ကို ပိတ်ပင်တာ တကယ်ဖြစ်လာခဲ့ရင် လက်ခုပ်တီးကြမလား စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

GooPhone i5 Video
http://youtu.be/AdfJCDdQuzE

TSJ Tech Team

No comments:

Post a Comment