Thursday 6 September 2012

မြန်မာ့သတင်းများစုစည်းရာ တည်ထောင်ရခြင်းရည်ရွယ်ချက်နှင့် ရှေ့ဆက်လုပ်သွားမည့်အစီအစဉ်များ

ဒီ Post လေးမှာကျွန်တော်တည်ထောင်ထားတဲ့ မြန်မာ့သတင်းများစုစည်းရာဘလော့ရဲ့ တည်ထောင်ခဲ့ရတဲ့ရည်ရွယ်ချက်နဲ
့ရှေ့ဆက်လုပ်သွားမယ့်အစီအစဉ်များကိုပြောပြပေးမှာပါ။ မြန်မာ့သတင်းများစုစည်းရာ ကိုယခုကဲ့သို့  Blog
တစ်ခုအနေဖြင့်စတင်မတည်ထောင်ခင် Facebook မှာ Group တစ်ခုအဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။ Facebook Group အဖြစ်စတင်တည်ထောင်ပြီး သိပ်မကြာခင်မှာပဲ ယခုလို Blog တစ်ခုအဖြစ် ၁၇.၇.၂၀၁၂ မှာစတင်တည်ထောင်ပေးခဲ့ပြီး Facebook Page တစ်ခုပါတည်ထောင်ပေးခဲ့ပါတယ်။

မြန်မာ့သတင်းများစုစည်းရာကို ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့သတင်းမှန်သမျှကိုတစ်စုတစ်စည်းထဲတင်ပြပေးနိုင်ဖို့ ရယ်၊ ဒီဘလော့ပေါ်ကိုအမှီပြုပြီးတော့ ပရဟိတလုပ်ငန်းများ၊လှူဒါန်းမှုများကိုလုပ်ဆောင်သွားဖို့  ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာခြင်းဖြစ်ပါတယ်။

စတင်တည်ထောင်ခဲ့တဲ့ကာလကနေယခုလက်ရှိအချိန်ထိ ဘလော့၊ Facebook Page နဲ့ Group အားလုံးကိုကျွန်တော်တစ်ယောက်ထဲကိုင်တွယ်နေရတဲ့အတွက် အဆင်မပြေမှုတွေ သတင်းမစုံမလင်တာတွေဖြစ်လာပါတယ်။ ဒီကြားထဲမှာ ကျွန်တော့အလုပ်လဲရှိလာတော့ နေ့ ခင်းပိုင်းတွေမှာသတင်းတွေကို မတင်ပေးနိုင်ခဲ့ပါဘူး။ ဒီအကြောင်းအရာတွေကြောင့် ဘလော့စတင်တည်ထောင်ခါစမှာ ဘလော့ကိုလာရောက်လည်ပတ်သူ တစ်နေ့ ကို အယောက်၁၀၀ အောက်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရတဲ့အချိန်မှာရသလိုသတင်းတွေတင်ပေးတဲ့အပြင် အခြားကဏ္ဍ တွေပါထည့်သွင်းပေးနိုင်အောင်ကြိုးစားပေးခဲ့ပါတယ်။ ယခုဆိုရင်တော့ မြန်မာ့သတင်းများစုစည်းရာ ဘလော့ဟာ ကဏ္ဍတော်တော်များများစုံလင်အောင်ပါရှိလာတဲ့အပြင် ဘလော့သို့ လာရောက်လည်ပတ်သူ တစ်နေ့ ကို အယောက် ၅၀၀၀ ကျော်ရရှိလာခဲ့ပါပြီ။

ယခုလိုမြန်မာ့သတင်းမျာစုစည်းရာ ဘလော့ရဲ့ရည်ရွယ်ချက်နှင့်ရှေ့ဆက်လုပ်သွားမယ့်အစီအစဉ်များကိုအများသိအောင်ပြောပြရခြင်းမှာ သိပ်မကြာခင်ကာလအတွင်း မြန်မာ့သတင်းများစုစည်းရာဘလော့ရဲ့ပထမဦးဆုံးလှူဒါန်းမှုကိုပြုလုပ်တော့မှာဖြစ်တာကြောင့်ပါ။ လွန်ခဲ့တဲ့ သုံးရက်ခန့် ကကျွန်တော့ရဲ့ မြန်မာ့သတင်းများစုစည်းရာဘလော့ကိုလူတစ်ယောက်ဆက်သွယ်လာပါတယ်။ ဘလော့ရဲ့အပြင်အဆင်ကိုသဘောကျလို့ သူထောင်ထားတဲ့ဘလော့ကိုလဲ ကျွန်တော့ ဘလော့ဒီဇိုင်းအတိုင်းရေးဆွဲပေးဖို့ ပြောလာပါတယ်။ ကျွန်တော်သူ့ ရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီး ပြင်ဆင်စရိတ်အားလုံးကို မလေးရှား RM200(မြန်မာငွေ ခြောက်သောင်းဝန်းကျင်)နဲ့ သတ်မှတ်ခဲ့ပါတယ်။ ကျွန်တော် သုံးရက်အတွင်းမှာသူ့ ရဲ့ဘလော့ကိုပြင်ဆင်ပေးခဲ့ပြီး ၄.၉.၂၀၁၂ မှာပြင်ဆင်စရိတ်ကိုကျွန်တော်လက်ခံရရှိခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်အလုပ်ပိတ်ရက်ရတဲ့နေ့ မှာ ဒီပိုက်ဆံအားလုံးကိုလှူဒါန်းမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှမဟုတ်ပါဘူး။ နောက်ပိုင်း မြန်မာ့သတင်းများစုစည်းရာဘလော့နဲ့ ပက်သက်ပြီးရတဲ့ အရာမှန်သမျှ လှူဒါန်းမှာပါ။ ကျွန်တော့ကိုယ်ကျိုးအတွက်အသုံးချမှာမဟုတ်ပါဘူး။ ကိုယ်တက်ကျွမ်းတဲ့ပညာနဲ့ အကူအညီလိုအပ်နေတဲ့သူတွေကို ကူညီပေးနိုင်ဖို့ အတွက် ဒီဘလော့လေးကိုတည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာလဲဒီထက်မက ဆက်လက်လှူဒါန်းသွားနိုင်အောင်ကြိုးစာပါဦးမယ်။ မြန်မာ့သတင်းများစုစည်းရာကို အစဉ်အမြဲလာရောက်တဲ့သူတွေကိုလဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။

Admin of မြန်မာ့သတင်းများစုစည်းရာ

1 comment:

  1. Thank you, bro. I support you do like that. It's very useful for our community. Hope that you can do more and more achievement. Have a nice days.

    ReplyDelete