Thursday 6 September 2012

မြန်မာ့ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှူးများ

၂၀၁၂ ခုနှစ်သည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ပြီဖြစ်သော မြန်မာ့လေကြောင်း လောကအတွက် ထူးခြားသော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည့် နှစ်ကာလတစ်ခု ဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီး
လေယာဉ်မှူးဟူသည် မြန်မာနိုင်ငံ၌ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော်လည်း ယခုအခါ အဲပုဂံလေကြောင်းလိုင်းမှ မြန်မာ့ပထမဆုံး အမျိုးသမီးလေယာဉ်မှူး လေးဦးကို ခန့်အပ်လိုက်ပြီဖြစ်သည်။

အမျိုးသား လေယာဉ်မှူးတစ်ဦး ဖြစ်နိုင်ရန်ပင် ခက်ခဲသော အဆိုပါအလုပ်အား အမျိုးသမီးများထဲမှ ယခုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းသည် အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်း လုပ်ကိုင်နိုင်သည့် အခြေအနေကို ချပြနိုင်ခြင်း ဖြစ်သည့်အပြင် မြန်မာအမျိုးသမီး တစ်ရပ်လုံး၏ တန်ဖိုးကိုလည်း မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

By Khitlunge

No comments:

Post a Comment