Thursday 6 September 2012

"" စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ""


ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ
 တစ်ထောင်ဝန်းကျင် စစ်သား တယောက်မှာ
ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင်
သုံးသိန်းဖိုး.တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်

တဲ့ အပြင် ထပ်ဖြည့်ရတယ်.သေနတ်တလက်

၁၀သိန်းတန် တယ်ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်။

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်၊စားစရိတ်၊ ထောက်ပို့ ၊လစာ၊
 ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်၊ဆက်သွယ်ရေးစက်ကိရိယာ၊စက်ဆီကအစစစ် အ၀တ်အစားအရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်း
ကုန်တယ်။အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်။

စစ်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်းကုန်တယ်။ လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ
အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။

KIA ဖက်ကတွက်တာတော့ စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀
ခန့်ရှိတယ်။.

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ
 မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး။ နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်
ရင်တော့။

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ
 နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။
မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်။

.(Duwa Kachin)

ရွှေမြန်မာ

2 comments:

  1. ခင်ဗျားမှာမြန်မာစစ်တပ်ကိုပဲပြောရဲသလား။ကချင်သပုန်တပ်ရဲ့အသုံးစရိတ်နဲ့ငွေရလမ်းကိုတွက်မပြတော့ဘူးလား။မြောက်ပိုင်းစစ်ရေးတင်းမာမှုရဲ့တကယ့်လက်သည်ကခင်ဗျားတို့လိုဝေလေလေသတင်းသမားတွေလက်ချက်ပဲ။ပြည်သူတွေရဲ့ဘ၀အမှန်ကိုလည်းမသိ၊ရမ်းတုတ်ပြီးသတင်းရေးမနေနဲ့။ဆက်ကြေးတောင်းလူသတ်၊မိုင်းခွဲ၊ကချင်ဆိုပြီးတရုတ်ဖြစ်နေတဲ့သူတွေရဲ့အကြောင်းအရင်လေ့လာ။မျိုးချစ်စိတ်ဆိုတာဘာကောင်လဲအရင်မေးကြည့်၊KIA ကိုအပြီးတိုင်ချေမှုန်းခြင်းသည်သာစစ်မှန်သောထာဝရ့ငြိမ်းချမ်းရေးပဲဆိုတာသိလာမယ်။ဒီကောင်တွေကိုဘယ်လောက်ငြိမ်းချမ်းရေးလုပ်လုပ်မရဘူး။သူတို့လိုတာကယွမ်ပဲ၊တိုင်းရင်းသားအရေးလို့ပြောနေတာကစာတွေဖတ်ပြောနေတာ.

    ReplyDelete
  2. ကျည်တစ်ထောင့် ငွေတစ်ထောင်၊ သေနတ်တစ်လက် ငွေဆယ်သိန်း ... အဲဒီဈေးနဲ့ဆိုရင် မင်းပြန်ဝယ်မလား။ နဲနဲလျှော့ပေးမယ်။ ဒီဈေးရလို့ကတော့ ဘယ်ဗိုလ်ချုပ်မှစစ်တိုက်မှာမဟုတ်ဘူး။ မင်းတို့ဆီဘဲပြန်သွင်းနေမှာ။ ဒါမှမဟုတ် KIA က အချင်မိပြီး ဝယ်ထားလိုက်ပြီးနဲ့တူတယ်။ ဒါမှတိုက်ပွဲမှာသိမ်းလို့ရတာဆိုပြီး လူထုကိုညာလို့ ရမှာပေါ့။ စစ်တပ်ကကောင်တွေကလဲ တော်တော်မိုက်ရိုင်းတယ်။ ရောင်းစရာရှားလို့ KIA ကိုပြန်ရောင်းရသလား။ ပြီးတော့ ရောင်းတဲ့ဈေးကလဲ နဲနဲနောနောမဟုတ်ဘူး။ တင်ထားတဲ့အမြတ်ကလဲကြောက်စရာ။ နေပြည်တော်ရုံးတွေက အဲဒီပိုက်ဆံတွေနဲ့ ဆောက်ထားတာနဲ့တူတယ်။ ဒါကြောင့်လဲ အပစ်အခတ်ရပ်စဲဖို့ အမိန့်ထုတ်ပြီး ကျည်ဆံတွေရောင်းစားနေတာကို ... သြော် ဒုက္ခ။

    ReplyDelete