Wednesday 5 September 2012

ကူးတို့ လှေ မှောက်၊ လူအယောက်၂၀ ကျော် ပျောက်ဆုံး


ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို
 ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ မနေ့ နံနက်
 ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက်
လူ ၁ ဦး အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ်
ရဲစခန်းက ပြောပါတယ်။


ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅
 ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ
 ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို
ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ပေါက်မြို့နယ် ဒေသခံတဦး “လှေသမားက ၆ ယောက်သေတယ်။ အလောင်းရှာမတွေ့သေးဘူး။
over weight ဖြစ်သွားတာပေါ့။ ဆိုင်ကယ် ၅ စီးပါတယ်။ လူက ၄၀ လောက်ရှိမယ်။ ကျောင်းဆရာမ ၅ ဦးပါသွားတာ လှေသမား တဦးက ကယ်နိုင်လို့ တဦးပဲ အသက်ရှင်တယ်။ ကျန်တဲ့ ၄ ဦးမှာ တဦးက အလောင်းရတယ်။ ၃ ဦး အလောင်းမရသေးဘူး။”

ပျောက်ဆုံးနေတဲ့ ဆရာမ ၃ ဦးမှာ အင်းတော်ကျေးရွာက ဒေါ်လှသိန်း၊ ဒေါ်ခင်မြတ်နွယ်နဲ့ နံ့သာရွာက ဆရာမတဦးတို့ ဖြစ်ပါတယ်။ မနှစ်က ယောချောင်း၊ ကျောချောင်း ရေကြီးပြီး တံတားတွေကျိုးခဲ့ရာ တံတားတွေကို ပြန်ပြင် မဆောက်နိုင်သေးတဲ့အတွက် ကူးတို့လှေတွေ အသုံးပြုနေရတာလည်း
 ဖြစ်ပါတယ်။

လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လှေထိုးသား စုစုပေါင်း ၁၇ ဦးသာ အသက်
ရှင်ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့တို့ကနေ
 လှေမှောက်လို့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတယ်လို့ မြို့ခံတွေက
 ပြောကြပါတယ်။

DVB(မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment