Wednesday 5 September 2012

ပြည်ထောင်စုဝန်ကြီးများ လခ တစ်လ ကျပ် ၆ သိန်းသာ ရရှိဟုဆို


အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌဌာန်းခဲ့တဲ့
 ပြည်ထောင်စုအစိုးရအဖွဲ့ ဥပေဒမှာ
 ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို
တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌဌာန်း


ထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ
တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က
 ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအေဝးမှာ
သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌဌာန်းထားပေမယ့်
ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ဦး ထားရှိတာကို များတယ်လို့ ဝေဖန်တာနဲ့  ပတ်
သက်ပြီး သူက အီတလီမှာ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ၆ ဦး၊ ထိုင်း ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး
၃ ဦး၊ စင်ကာပူ ဝန်ကြီးချုပ်ရုံးမှာဝန်ကြီး  ၃ ဦး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ဝန်ကြီး ၆ ဦး၊
 မေလးရှား ဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး ၆ ဦး၊ ကေမ္ဘာဒီးယားဝန်ကြီးချုပ်ရုံးမှာ ဝန်ကြီး
၁၂ ဦးအထိ ခန့် အပ် အလုပ်လုပ်နေတယ်လို့ ရှင်းပါတယ်။

DVB (မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment