Wednesday 5 September 2012

သင်္ဃန်းကျွန်းစံပြဆေးရုံကြီး တံခါးများကို ဖွင့်စေလို


သင်္ဃန်းကျွန်း၌ ကျိုက္ကဆံ စေတီတော်ကြီးအထင်ကရရှိသည်။ စေတီတော်ထဲသွားရန်လမ်းကို ကျိုက္ကဆံဘုရားလမ်းဟုခေါ်သည်။ ဟိုတုန်းက မြေနီလမ်းမကြီး၊ ဖုန် တထောင်းထောင်းနှင့်ဖြစ်၏။ ထို့ နောက် ကတ္တရာလမ်းမကြီးဖြစ်ပါ သည်။ တစ်ဖန် တပ်မတော်အစိုး
ရလက်ထက်၌ ကျိုက်္ကစံဘုရား လမ်းအနောက်ဖက်၌ ဆေးရုံကြီး တစ်ရုံတည်ဆောက်ပေးခဲ့ပါသည်။ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးဟု အမည်တွင်သည်။

ထိုဆေးရုံကြီးသည် သင်္ဃန်း ကျွန်းမြို့နယ်သာမက၊ တောင် ဥက်္ကလာပ၊ ရန်ကင်း၊ တောင်ဒဂုံ စသော ပြည်နယ်များက အား ကိုးအားထားပြုရသည်။ ထိုမျှမက ပဲခူး၊ က၀ဲဝေါ၊ သံလျင်၊ ကျောက် တန်းကအထိ အများပြည်သူများ အားကိုးအားထားပြုရသောဆေး ရုံကြီးဖြစ်၏။ ကုတင် (၃၀၀)ဆေး ရုံကြီးဖြစ်သည်။
တပ်မတော်အစိုးရလက်ထက် က ထိုဆေးရုံကြီးကို အလွန်ကျယ် ၀န်းသော သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်း အနောက် ဘက် ကွင်းကျယ်ကြီးကိုရွေးချယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အလွန်ခေတ်မီ၍ စနစ်ကျသော သုံးထပ်အဆောက်အအုံကြီးဖြစ် ၍ ခေတ်မီဒီဇိုင်းဗိသုကာလက်ရာ များဖြင့် လှပတင့်တယ်လှ၏။

လမ်းမကြီး၏အနောက်ဘက် တွင်ရှိ၍ လမ်းပေါ်မှကြည့်လျှင် သာယာလှပသော ဆေးရုံကြီး သည် အမြင်တင့်တယ်လှ၏။ ဆေးရုံကြီး မျက်နှာစာရှိ ၀င်းတံခါး ပေါက်ကြီးတွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးဆိုသော စာတန်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထား၏။ အဓိက ၀င်ပေါက် တံခါးကြီးမှာ ပေ(၃၀)ခန့်ကျယ်၍ ခိုင်ခန့်လှပ၏။ ထို့အတူ လက်ဝဲ ဖက်တွင်လည်း ၀င်ပေါက်တံခါး ကြီးရှိ၏။ လက်ယာဖက်တွင် ၀င် ပေါက်တံခါးကြီးတစ်ခုရှိတယ်။ ထို တံခါးကြီး(၃)ပေါက်နှင့်လျော်ညီ စွာ ဆေးရုံကြီးမျက်နှာစာ၌ မော် တော်ကားများဝင်ထွက်ရန် လမ်း သွယ်များတည်ဆောက်ထားသည်။ အလှမွေးမြက်ခင်းများ၊ သစ်ပင် ငယ်၊ပန်းရုံများဖြင့် တန်ဆာဆင် ထားသည်။ အလွန်လှပတင့်တယ် ပါသည်။
သို့သော် ယခုအခါ စံပြဆေး ရုံကြီး၏ အလှအပတရားပျောက် ကွယ်ဆုံးရှုံးနေပါပြီ။ အဘယ် ကြောင့်ဆိုလျှင် မျက်နှာစာဝင်းတံ ခါးကြီးနှင့် လက်ယာဝင်းတံခါး များကို ပိတ်ထားသောကြောင့် ဖြစ်၏။

 ဆးရုံကြီးဆောက်ပြီး ကာစ၊ ၀င်းတံခါးအပေါက်များ၌ လုံခြုံရေးအစောင့်ရုံ၊ နားနေ ဆောင်တို့ စနစ်တကျရှိသည်။ ယခုအခါ ဗဟိုဝင်းတံခါးကြီးနှင့် လက်ယာတံခါးပေါက်ပိတ်ထား သဖြင့် တံခါးများသံချေးတက် ပျက်စီးရုံမက၊ လမ်းသွားလမ်းလာ တို့အပေါ့သွားရာနေရာဖြစ်နေပါ ပြီ။ အလွန်အရုပ်ဆိုးနေပါပြီ။

တစ်ချိန်က လုံခြုံရေးအရ ပေါက်ကွဲမှုများဖြစ်စဉ်က ခေတ္တ ပိတ်ထားသည်ဆိုလျှင် တော်ပါ သေး၏။ ယခုအစိုးရသစ်လက် ထက်၌ အဖျက်သမားများရန်က လည်းကင်းဝေးနေပါပြီ။ တံခါး မကြီးနှင့် လယ်ယာဖက်တံခါး ပိတ်ထားတာ နားမလည်စရာဖြစ် နေပါသည်။
ယခုအခါ စံပြဆေးရုံကြီး၌ သွားကြည့်ပါ။ လက်ဝဲဖက် တံခါး တစ်ပေါက်သာဖွင့်ပြီး အ၀င်အထွက် ပြုစေပါသည်။ အ၀င်အ၀၌ အ စောင့်တို့ရှိပါသည်။ ၀င်လာသမျှ မော်တော်ယာဉ်၊ ဆိုက်ကား၊ စက် ဘီးများကို ၀င်ကြေး(ဂိတ်ကြေး) တောင်းနေပါသည်။

ရန်ကုန်ဆေးရုံကြီးလိုနေရာ မှာပင် ၀င်းတံခါးတွေဖွင့်ထားပြီး တံခါးဝကနေပြီး ဂိတ်ကြေးတောင်း တာမရှိပါ။ အလားတူ ဆေးရုံ သစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ လည်း ဂိတ်ကြေးမတောင်းပါ။
ယခုအခါမှာတော့ စံပြ ဆေးရုံကြီးသို့ အရေးပေါ်လူနာ လာလျှင် ရုတ်တရက်ဝင်မရပါ။ ဂိတ်ဝမှာ အပေးအယူလုပ်ရပါ သည်။ လူနာခမျာမှာ မခံသာ၍ လွန်စွာ ကသိကအောင့်ဖြစ်ရပါ သည်။ အလွန်အခြေအနေဆိုး သော လူနာသည် အရေးပေါ် ဆရာဝန်ထံ မရောက်ဘဲ ဂိတ်ဝ မှာ အချိန်ကုန်နေခြင်းမှာ မသင့် တော်ပါ။ ထိုဆေးရုံကြီးတွင် ဂိတ် ၀သည် အဓိက နေရာဖြစ်နေပါ ၏။
သူဝင်ဆိုမှ ၀င်ရပါသည်။ တောင်းသလောက်သာ ပေးလိုက် ပါ။ ချက်ခြင်း ၀င်စေဗျာ။
ထိုသို့ အပေါက်တစ်ပေါက် တည်းသာဖွင့်ထားသဖြင့် တက္ကစီ နှင့်လာသောလူနာများ၊ ဆေးရုံ ဆင်းသော လူနာကားများနှင့် အဆင်မပြေဖြစ်ကြပြီး မကြာခဏ  ဂိတ်ဆရာတို့နှင့် စကားများနေ ကြရသည်ကိုတွေ့ရပါသည်။ ဆေး ရုံဆင်းလူနာလမ်းမလျှောက်နိုင်၊ ကားဝင်ပြီးခေါ်ရမည်ဆိုလျှင် မ လွယ်ပါ။ အပေါက်တစ်ပေါက် တည်းမှာ အ၀င်အထွက်ရှုပ်ယှက် ခက်နေသည်ကို နေ့စဉ်တွေ့နေရ ပါ၏။ စကားများရန်ဖြစ်ကြပါ၏။ သို့သော် ဂိတ်ဆရာအချို့ကို ဆေးရုံရှေ့က ဘီယာဆိုင်မှာ ညနေတိုင်းတွေ့နေရကျ၊ မြင်နေ ကျပါ။

ကျွန်တော်တို့ နားမလည် သည်ကတော့ အလွန်စနစ်ကျစွာ ဆောက်လုပ်ထားသော ဆေးရုံ ကြီး၌ အပေါက်ကြီးနှစ်ပေါက် ပိတ်ပြိး တစ်ပေါက်သာ ဖွင့်ပေး ထားခြင်းကို နားမလည်နိုင်ပါ။ ၀င်ပေါက်ထွက်ပေါက်တစ်လမ်းစီ ရှိသင့်ပါသည်။
အရေးပေါ်လူနာများအတွက် များစွာနစ်နာရပါသည်။ အရေး ပေါ်လူနာတစ်ဦးသည် ဆေးရုံထဲ က ဆရာဝန်နှင့်တွေ့ရန် အနည်း ဆုံးနာရီဝက်လောက်ကြာသဖြင့် များစွာနစ်နာပါသည်။ ထိုကဲ့သို့ ၀င်းတံခါးကြီးများ ပိတ်ထားသကဲ့ သို့ ဆေးရုံကြီးတံခါးမကြီးကိုလည်း  ပိတ်ထားပါသည်။ ဘယ်ဘက် ဘေးပေါက်ကနေပြီး ဆေးရုံထဲရှိ ကုသဆောင် အသီးသီးသို့သွားရ ပါသည်။
ဆေးရုံတွင် အ၀င်ဝမှာ ဂိတ် ကြေးကပိုကြမ်းပါသည်။ ထမင်း ဖိုးလက်မှတ်၊ လူနာစောင့်လက် မှတ်မပါလို့မရ။ မ၀င်ရ။ ခြင်္သေ့ ကလေးများပေးလိုက်ပါက လွယ် ကူစွာဝင်နိုင်ပါ၏။ ဘယ်သူတွေ က ဆေးရုံကို အပျော်သဘော ဖြင့်တစ်အိမ်သားလုံးလာမှာလဲဗျာ။

လွတ်လပ်စွာ ၀င်ခွင့်ပြုလျှင် လည်း ပတ်သက်သူများသာလာ  ပါသည်။ သင်္ဃန်းကျွန်းစံပြဆေးရုံ ကြီးသည် ငွေကြေးတတ်နိုင်သူ များ အသုံးပြုသော ဆေးရုံမဟုတ် ဟု ဆိုနိုင်ပါသည်။ သူလိုကိုယ်လို အခြေခံလူတန်းစား၊ လက်လုပ် လက်စား၊ ဈေးသည်လူတန်းစား တို့အားကိုးရာဆေးရုံကြီးဖြစ်ပါ သည်။
အခြေခံလူတန်းစားများကို ငဲ့ညှာပါ။ ၀င်ကြေးတောင်းခြင်း ရပ်ဆိုင်းပါ။ ပိတ်ထားသော ဆေး ရုံဝင်ပေါက်ထွက်ပေါက်တံခါးမ ကြီးများကိုလည်း ဖွင့်ပေးပါဟု တင်ပြတောင်းဆိုလိုက်ရပါသည် ခင်ဗျာ။

မောင်ပြည်သား

By Hot News Weekly

No comments:

Post a Comment