Wednesday 5 September 2012

သာသနာရေး၌ သစ်ခွဲရောင်းသည့် ဆရာတော် နမ့်ခမ်းမြို့ ခံများ ဝေဖန်


သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်
 အောင်မေတ္တာရပ်ကွက်အတွင်းရှိ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်
ကျောင်းဖြစ်သည့် ဝေပုလ္လ စာသင်တိုက်မှ သစ်ခွဲရောင်းချသည့်အပေါ်
ဒေသခံများ
 ဝေဖန်နေကြပါသည်။

“သစ်ခွဲဖို့က ဒီနမ့်ခမ်းမြို့နယ်တစ်ဝိုက်က ရပ်ရွာတွေမှာရှိတဲ့ သစ်ပင်ကြီးတွေကို ဝယ်ယူရတာပေါ့နော်။ ထွက်လာတဲ့ သစ်တွေကို ပြန်ရောင်း တာပေါ့နော်။ ဒီလိုဝယ်လာတာကြာတော့ ဒေသတွင်းမှာရှိတဲ့ အရိပ်ရသစ်ပင်ကြီးတွေလည်း တစတစ ပြုန်းတီးသွားလာတယ်။

ဒါကြောင့်မို့ ဒေသခံအများစုကတော့ မကြိုက်ကြဘူး” ဟု အောင်ချမ်းသာရပ်ကွက်အတွင်းနေထိုင်သူတဦးက ပြောသည်။

နမ့်ခမ်းမြို့နယ် သံဃာ့မဟာနာယက အတွင်းရေးမှူး ဆရာတော် ဦးသူရိယ ကျောင်း
ထိုင်သည့် အဆိုပါကျောင်း၌ သစ်ခွဲလုပ်ငန်းလုပ်ကိုင် နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့
ပြီဖြစ်ပြီး  ယခုအခါ ဒေသတွင်းရှိ သစ်ပင်ကြီးများ ပြုန်းတီးလုနီးပါး ဖြစ်နေသောကြောင့် ဘုန်းတော်ကြီး ကျောင်းတကျောင်းအနေဖြင့် သစ်ခွဲလုပ်ငန်းအား ရပ်နားသင့်ကြောင်း
 ဒေသခံများက ရှုမြင်နေခြင်းဖြစ်သည်။

ယခုလုပ်ရပ်အပေါ် ဒေသခံများက နှစ်သက်မှု မရှိသော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်နေသဖြင့် ပြောဆိုရန် ဝန်လေးနေဆို သည့် ဝေဖန်သံများရှိနေ


သကဲ့သို့ ဆရာတော်ဘက်မှခုခံကာကွယ်ပြောဆိုသံများလည်းရှိနေသည်
ကိုတွေ့ရသည်။

“ဆရာတော်က ကောင်းတဲ့အကွက်တွေ အများကြီးပါ ။ ဝိပဿနာ တရားစခန်းဖွင့်တာ၊ လျှပ်စစ်မီးကြိုးသွယ်တန်းဖို့နေရာမှာ ဆရာတော် မပါရင် မပြီးဘူး။ ဆရာတော်ဦးဆောင်တဲ့
ဝါတွင်းသုံးလ တရားစခန်းက အခမဲ့ဘဲ။ လူ ၆၀ဝ လောက်ရှိမယ်။

ပထမသုတ် တရားအောင်ရင် ၄၅ ရက်၊ တရားမအောင်ရင် သုံးလလုံးလုံးနေလို့
လဲရတယ်။


ကိုရင်လေးတွေလဲ စာသင်ဖို့ ရန်ကုန်၊ မန္တလေးပို့တယ်။” - ဟု ဆရာတော်အား ယုံကြည်ကိုးကွယ်သူတဦးက ပြောပါသည်။

ဆရာတော်ဦးသူရိယသည် နမ့်ခမ်းမြို့ သံဃာ့နာယကတွင် ပါဝင်ကြောင်း၊ အများအကျိုးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ကြောင်း၊ တရုတ် ပြည်သို့ သွယ်တန်းသည့် ပိုက်လိုင်းစီမံကိန်းကြောင့် လမ်းများပျက်စီးသွားရာမှာလမ်းများပြုပြင်ရန်ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြုပြင်ရန် ကြိုးပမ်း
ခဲ့သေးကြောင်း၊

အာဏာပိုင်များလက်မခံသောကြောင့် မပြင်ဖြစ်ခဲ့ကြောင်း - ဆရာတော် ဦးဆောင်ဖွင့်လှစ်သည့် တောကျောင်း တရားစခန်းဝင်ဘူးသူ ခေတ်ပညာတတ်လူငယ်
တဦးက ပြောပါသည်။

ဆရာတော်ဦးသူရိယသည် နမ့်ခမ်းမြို့ ဝေပုလ္လစာသင်တိုက်အပြင် နမ့်ခမ်းမြို့မှ နှစ်မိုင်
ခန့်ဝေးသည့် နမ့်တီးရွာအနီး (မဟာစည် တရားစခန်း) တောကျောင်း၌လည်း ကျောင်း
ထိုင်တော်မူ၍ ဝါတွင်းသုံးလလုံးလုံး နေထိုင်ကာ တရားဘဝနာ အားထုတ်တော်မူသည်
ဟုလည်း ဆိုသည်။

 ဝေပုလ္လစာသင်တိုက်အား လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက မိမိငွေဖြင့် မြေကွက်
ဝယ်ယူကာ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

ဆရာတော်သည်၎င်းဦးဆောင်နေသောသာသနာလုပ်ငန်းများလည်ပတ်နိုင်ရေးအတွက်
 နေ့စဉ်အလှူရှင်အပြင် သစ်ခွဲစက်၊ ပဲပုတ်လုပ်ငန်း (မယ်သီလရှင်များဦးဆောင်လုပ်)၊ နမ့်မလျှပ်စစ်ဓါတ်အားပေးလုပ်ငန်း၊ လိမ္မော်ခြံလုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသည်ဟု
အဆိုပါ လူငယ်က ပြောပြပါသည်။

သျှမ်းသံတော်ဆင့်

ရွှေမြန်မာ

No comments:

Post a Comment