Wednesday 5 September 2012

လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၄ရက် နေ့၊ နံနက် ၁၀နာရီက နေပြည်တော် ရှိ ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ကျင်းပလျက်ရှိသည်။

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လေကြောင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ပြုလုပ်လျက်ရှိသည့် လေကြောင်း ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၏ လက်ရှိ အခြေအနေနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုအား ပဏာမရှင်းလင်း တင်ပြခဲ့ပြီး၊ လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် စာတမ်းများအား အသီးသီး ဖတ်ကြားတင်ပြကြမည်ဟု သိ ရှိရသည်။

စာတမ်းများအား လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဝါ၀ါဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်၊ ဒုညွှန် ကြားရေးမှူး ဦးနေ၀င်းနှင့် မြန်မာ့ လေကြောင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းတို့က လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းအသီးသီးကို ဖတ်ကြားကြမည် ဖြစ်သည်ဟု သတင်းရရှိပါသည်။

By Eleven Media Group

No comments:

Post a Comment