Wednesday 5 September 2012

iPhone 5 လာပြီလား


စက်တင်ဘာ ၁၂ ရက်နေ့ အခမ်းအနားအတွက် မီဒီယာများထံ Apple မှ ဖိတ်စာပေးပို့

iPhone 5 အား တရားဝင် ထုတ်ဖော်ပြသမည်ဟု ယူဆရသည့် စက်တင်ဘာ ၁၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြုလုပ်မည့်
အခမ်းအနားသို့ ဖိတ်ကြားသည့် ဖိတ်စာများအား Apple မှ ယနေ့တွင် မီဒီယာများထံသို့ ပေးပို့ခဲ့သည်။

အဆိုပါ အခမ်းအနားသည် ဖိတ်စာဖြင့်သာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ဖိတ်စာပေါ်၌လည်း Apple ၏ ထုံးစံအတိုင်း ရိုးရိုးရှင်းရှင်းဖြင့် "It's Almost Here - 12" သာ ရေးသားထားပြီး အခြား အချက်အလက် တစ်စုံတစ်ရာကိုမျှ ဖော်ပြထားခြင်း မရှိပေ။

ကမ္ဘာတစ်ဝန်း၌ iPhone 5 အား စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည့် ပရိသတ်ကြီးလည်း စောင့်ရကြိုးနပ်မည်လားကို လာမည့်သတင်းပတ်အတွင်း သိရှိရတော့မည် ဖြစ်ပါသည်။

By ရွှေလုံး

No comments:

Post a Comment