Thursday 18 October 2012

စကိတ်စီးလို့ရတဲ့ မိုက္ကရိုဆော့ဖ်ရဲ့ Tablet


နည်းပညာခောတ်မှာတော့ တနေ့တမျိုး မရိုးရအောင် ဖန်တီးမှုတွေက အံ့အားသင့်စရာပါ။

အခုလည်း မိုက္ကရိုဆော့ဖ် ကုမ္ပဏီက Window Sk8 လို့ ခေါ်တဲ့ Tablet
ဟာ ဘယ်လို ခိုင်ခံ့တယ်ဆို တာ ပြသချင်လို့ စကိတ်ဘုတ်ပြားအဖြစ် ပြောင်းလဲ သုံးနိုင်တဲ့ Tablet အသစ်တမျိုးကို ရောင်းချပေးပါတော့ မယ်။

လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ စတာလင်ပေါင် ၃၉၉ တန်ဘိုးနှုန်းလောက်နဲ့ ရနိုင်တော့မှာ ဖြစ် တယ်လို့ အောက်တိုဘာလ ၁၇ ရက်နေ့ The Sun သတင်းစာအွန်လိုင်းမှာ ဖော်ပြထားပါတယ်။

အခု Tablet မျက်နှာပြင်က ၁၀.၈ လက်မ ရှိပါတယ်။ မိုက်ခရိုဆော့ဖ်က သူတို့ပစ္စည်း ဘယ်လို အကြမ်းခံ တယ်ဆိုတာကို ကုမ္ပဏီရဲ့ Window အကြီးအကဲဖြစ်တဲ့ Steven Sinofsky က သူကိုယ်တိုင် Tablet ကို စကိတ်ပြားလို လုပ်စီးပြထားတဲ့ ဓာတ်ပုံကို Twitter ကနေ တင်ပြလိုက်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း Tablet ကို ဘီးတွေတပ်၊ စကိတ်ဘုတ်ပြားလို လုပ်ပြီး မိုက်ခရိုဆော့ဖ် ရုံးချုပ် အပြင် ဘက်မှာ စီးနေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကို သူက တွိ ( Tweet) ပြထားတာပါ။

Tablet ကာဗာကို တိုက်တေနီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုစပ်နဲ့ လုပ်ထားပြီး မျက်နှာပြင်ကိုတော့ Gorilla Glass 2.0 ကို သုံးထားပါတယ်။

By Irrawaddy

No comments:

Post a Comment