Thursday 18 October 2012

မျိုးဆက်ပျောက်မှာစိုး၍ ကိုးဆယ့်ခြောက် (၉၆) မှာ ကလေးယူသလော


အိန္ဒိယနိုင်ငံမှ Ramjit Raghav အမည်ရသည့် လယ်သမားကြီးဟာ "နွားပျိုသန်လှ နွားအိုပေါင်ကျိုး" ဟူသည့်စကားကို မကြာသေး မီက သားယောင်္ကျားကလေး တစ်ယောက်မွေးပြီး လက်တွေ့သက်သေထူ
လိုက်ပါတယ်။

လယ်သမားကြီး တဖြစ်လဲ ဖခင် ပူပူနွေးနွေး တစ်ဦး ဖြစ်သူ Raghav ရဲ့ အသက်ဟာ ၉၆ နှစ် ရှိပြီဖြစ်ပြီး၊ သူ့ရဲ့အိမ်သူသက်ထားကတော့ အသက် ၅၂ နှစ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂ နှစ်ကခန့်လည်း ကလေးတစ်ဦးကို ဖွားမြင်ခဲ့ပြီး Raghav ဟာ အဲ့ဒီ အချိန်ကတည်းက ကမ္ဘာ့ အသက်အကြီးဆုံး ဖခင်အဖြစ် စံချိန်ကို ချိုးထားပြီးသားပါ။ ယခုတစ်ကြိမ်မှာတော့ Raghav ဟာ သူချိုးထား
ခဲ့တဲ့စံချိန်ကို နောက်တစ်ကြိမ် ထပ်မံစံချိန်ချိုးလိုက်ပြန်တာပါ။

Raghav က သူဟာ သက်သတ်လွတ်သမားဖြစ်ပြီး အရက်သေစာသောက် သုံးမှုကို ရှောင်ကြဉ်ကြောင်း၊ သူ၏ စားသောက်မှုနဲ့ နေထိုင်မှုတို့က သူ့ကို ငယ်ရွယ်နုပျိုစေကြောင်း၊ ယခု ကလေးရရှိရန် မည်သည့် ဆေးကိုမျှ မှီဝဲသုံးဆောင်ခဲ့ခြင်းမရှိကြောင်း ပြောဆိုသွားပါတယ်။

Raghav သည် အသက် ၈ဝ ကျော်တဲ့အထိ အိမ်ထောင်ပြုခြင်းမရှိခဲ့ ဘဲ ဗြဟ္မစရိယ အကျင့်ကို ကျင့်နေခဲ့ပြီးကြောင်း၊ လွန်ခဲ့တဲ့ ၁ဝ နှစ်က
သူ၏ လက်ရှိဇနီးနှင့် တွေ့ဆုံမိရာမှ အိမ်ထောင်ကျခဲ့ကြောင်းလည်း သိရ
ပါတယ်။

Raghav မတိုင်ခင်က ကမ္ဘာ့အသက်အကြီးဆုံး ဖခင်အဖြစ်မှတ်တမ်းတင်
ထားသူမှာအိန္ဒိယနိုင်ငံသား Nanu Ram Jog အမည်ရသည့် လယ်သမားကြီး
ဖြစ်ပြီး၊ သူ အသက် ၉ဝ အရွယ်မှာ ၂၁ ယောက်မြောက်ကလေးကို ရရှိခဲ့
ပါတယ်။

By Shwelone.com (ရွှေလုံး)

No comments:

Post a Comment