Thursday 18 October 2012

မင်္ဂလာဈေးကုန်ထမ်းလုပ်သားအချို့ကြောင့်ဒုစရိုက်မှုများဖြစ်ပေါ်မှုအတွက်အရေးယူဆောင်ရွက်မည်


ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂ လာတောင်ညွှန့်မြို့နယ်အဆင့်မြင့် မင်္ဂလာဈေး၊
မင်္ဂလာမွန်ဈေး၊မင်္ဂလာ ဈေးသစ်၊ရွှေပြည်စုံဈေးများ၌ ဈေးဝင်းအတွင်းနှင့်ဈေးရုံအထပ် အသီးသီးတွင်
ပြင်ပမှလာရောက်၍ကုန်ထမ်း(ဘောက်)၊ကုန်ကြို လုပ်ကိုင်နေသူများထဲတွင်တချို့ မှာမသမာမှု၊စာရိတ္တပျက်ယွင်းမှု ကြောင့်
ဈေးလာရောက်ဝယ်သူများ၏ ကုန်ပစ္စည်းများ အလစ်သုတ်ခံရခြင်း၊ မကြာခဏဖြစ် ပေါ်လျက်ရှိရာ၎င်းကိစ္စများအာ ဈေး(၄)ဈေးမှ ဈေးသာယာ
ရေးအဖွဲ့များနှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့်ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်သွားရန်မင်္ဂလာဈေး သာယာရေးအဖွဲ့ဥက္ကဋ္ဌမင်္ဂလာတောင်ညွန့်
မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်း၊ မင်္ဂလာမွန်ဈေး ဥက္ကဋ္ဌဦးကိုကိုကြီးတို့ဦးဆောင်သော ဦးစီးကော်မတီတပ်ရပ်
ဖွဲ့ စည်းကာ ကုန်ထမ်းသူများအား ထိန်းသိမ်းကြီးကြပ်ကွပ်ကဲဆောင်ရွက်
သွားဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဦးကိုကိုကြီး ကရှင်းပြရာတွင် လက်ရှိ ဒီဝင်းအတွင်းမှာရှိတဲ့ ဈေးလေးဈေးကို မှီခိုပြီးကုန်ကြို/ကုန်ထမ်းလုပ်ကိုင်
နေတဲ့ဘောက်ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ပြဿနာမျိုးစုံရှိခဲ့ပါတယ်။
ဒီလိုလုပ်ရပ်တွေဆက်လက်ရှင်သန်လာမယ်ဆိုရင် ကျွန်တော်တို့ ဈေးရဲ့
ဂုဏ်သိက္ခာကျဆင်းပြီးကောင်း ရောင်းကောင်းဝယ်လုပ်စားနေတဲ့ သူတွေရဲ့
အကျိုးစီးပွားကိုထိခိုက် လာနိုင်ပါတယ်။

ဒီကုန်ထမ်းတဲ့သူ တွေအနေနဲ့ကျွန်တော်တို့ကော်မတီက သတ်မှတ်ထားတဲ့
ကုတ်အင်္ကျီ၊နံပါတ်၊သက်သေခံကတ် ပြားများဝတ်ဆင်ပြီးသတ်မှတ်ထား
တဲ့စည်းကမ်းချက်(၁၄) ချက်ကိုလိုက်နာရမှာဖြစ်ပါ တယ်။ဒီအချက်တွေကို
ဖောက် ဖျက်ကျူးလွန်ခဲ့မယ်ဆိုရင် ၎င်းတို့ ကို (Black List) သွင်းပြီး ဈေး ၀င်းအတွင်းမည်သည့်အချိန်မှဝင် ရောက်လုပ်ကိုင်ခွင့်မပြုသည့်အပြင် တရားဥပဒေအရအရေးယူဆောင် ရွက်သွားမှာဖြစ်ပါတယ်။တစ်ဖန်အဆင့်မြင့်
မင်္ဂလာ ဈေးသာယာရေးကော်မတီဝင်ဦးကျော်မင်းသိန်းကလည်း ဈေးကြီးကို
မှီခို စားသောက်နေတဲ့ ဘောက်အလုပ် သမားတွေထဲမှာ တချို့ဟာရိုး သားစွာလုပ်ကိုင်စားသောက်ခြင်း မပြုဘဲဒုစရိုက်မှုတွေကျူးလွန်ခဲ့ တာတွေရှိခဲ့ပါတယ်။သူတို့ကို လိုက်ဖမ်းတဲ့စည်ပင်ဝန်ထမ်းတွေကို တောင်
ထိုးကြိတ်ထွက်ပြေးတာတို့၊ ဈေးဆိုင်က ပစ္စည်း အလစ်သုတ်တာတို့၊
ကားပေါ်ကပစ္စည်းအလစ် သုတ်တာတို့ရှိခဲ့တာကြောင့်ထိ ခိုက်နစ်နာမှုတွေ
ဖြစ်ခဲ့တဲ့အပေါ် ထိန်းချုပ်ကာကွယ်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စည်းကမ်းချက်တွေရေးဆွဲခဲ့ကြောင်း၊ဒီစည်းကမ်းချက်တွေကို သက်ဆိုင်ရာ၊
မြို့နယ်ဥပဒေအကြံ ပေး၊တိုင်းစည်ပင်အဖွဲ့တွေ၊မြို့နယ် ရဲတပ်ဖွဲ့မှတာဝန်
ရှိသူတွေရေးဆွဲ ထုတ်ပြန်ခဲ့ကြောင်း၊ဒါ့အပြင် ထုတ်ပြန်ထားတဲ့စည်းကမ်း
ထုတ် ပြန်ချက်တွေကို လိုက်နာမှုရှိ၊မရှိကို နေ့စဉ်စည်ပင်ဝန်ထမ်း(၃)ဦး၊ ရဲဝန်ထမ်း(၃)ဦး၊ဈေးလေးဈေးမှ သာယာရေးအဖွဲ့ဝင်(၄)ဦးတို့က ရုံးထိုင်ပြီး
ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကွပ်ကဲရေးရုံးခန်း ဆောက်လုပ်ဖို့ သက်ဆိုင်ရာကို တင်ပြထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

By Hot News Weekly

No comments:

Post a Comment