Thursday 18 October 2012

ဝေါမြို့နယ် ရေဘေးဒုက္ခသည် အတွက် ၈၈ ကျောင်းသားအဖွဲ့ လှူဒါန်း


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီးနဲ့ ကိုထွန်းထွန်း တို့ဟာ ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့
ကော့ဝင်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ဒီကနေ့ ညနေက သွားရောက်ကြခဲ့ပြီး ငွေသား ၂၅ သိန်း အပါအ၀င် အိမ်သုံးဆေးဝါးနဲ့ အစားအစာ စုစုပေါင်း တန်ဖိုး သိန်း ၁၀၀ နီးပါး လှူဒါန်းခဲ့ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ မူဝါဒအရ ရေဘေးနဲ့ ပတ်သက်ရင် အဆိုးဝါးဆုံး နေရာတွေကို ရှာဖွေ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ကိုဂျင်မီက RFA ကို ပြောပါတယ်။
"ပညာသင်ပေးနေတဲ့ ကျောင်းတကျောင်းမှာ အတော်လေး အခြေအနေဆိုးနေတယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားလာတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒအရ ရေဘေးနဲ့ ပတ်သက်ရင် အဆိုးဝါးဆုံး နေရာတွေကို ရှာဖွေ လှူဒါန်းတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိစစ်လိုက်တဲ့အခါမှာ တကယ်ပဲ ဟောဒီနေရာက ဆိုးဝါးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လာပြီး ကူညီထောက်ပံ့တာပါ။"
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ဝေါမြို့ခရီးစဉ် အပါအ၀င် ဧရာဝတီတိုင်း ရေဘေးနဲ့ ပတ်သက်လို့ လှူဒါန်းတာ ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

By RFA Burmese

No comments:

Post a Comment