Thursday 11 October 2012

"ရာမူးတိုက်ခိုက်မှုများ ဖြစ်စေခဲ့သူ" ဟုဆိုသူ ၁၈-နှစ် အရွယ်ကို ဖမ်းဆီး


စက်တင်ဘာလ (၂၉) ညပိုင်းမှာ
ကိုရမ်ကိုထိခိုက်စေတဲ့ ဖေ့စ်ဘွတ်
ဓါတ်ပုံတွေကို ပြသပျံ့နှံ့ စေခြင်း
အားဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ

ရာမူးဒေသမှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကျောင်းကန်အဆောက်အဦး
အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးမှုဖြစ်စေခဲ့ရာမှာ အဓိကလှုပ်ရှားသူအဖြစ် အသက်ဆယ့်ရှစ်နှစ်အရွယ်
အဗဒူလ် မော့ခ်တာဒါ (Abdul Moktadir) ကို ပြီးခဲ့တဲ့ စက်တင်ဘာလ(၉)ရက်နေ့ညဥ့်ပိုင်းမှာ
ဖမ်းဆီးခဲ့ပါတယ်။

ဗုဒ္ဓဘာသာဘုရားကျောင်းကန်ပေါင်း နှစ်ဆယ်ကျော်ကို မီးရှို့ကာ နောက်ထပ်ခြောက်ခုကို ပျက်စီးထိခိုက်စေခဲ့တဲ့တိုက်ခိုက်မှုတွေ ဖြစ်လာအောင် မူဆလင်တွေကို သွေးထိုးလှုံ့ဆော်ပေးခဲ့
သလိုဖြစ်ခဲ့ရတဲ့ အဲသည်ဓါတ်ပုံကို အဗဒူလ် မော့ခ်တာဒါ နဲ့ သူ့ သူငယ်ချင်း အိုမာဖာရုခ်
(friend Omar Faruk) တို့က ဖြန့်ဝေခဲ့တာဖြစ်တယ်။

ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးဖြစ်တဲ့ အူတမ်ကူမာဘရူဝါ ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အခြား
တစ်ယောက်က ချိတ်ထား (tagged လုပ်ထား) တဲ့ အဲသည် ဓါတ်ပုံကို ရာမူးအပိုင် ဖာကာရာဘဇာ
က ဒေသခံတွေကို အဆိုပါ လူငယ်မိတ်ဆွေနှစ်ယောက်က ပြသပြီး မကြာမီအချိန်အတွင်း
တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တယ်။

 (မောက်သူဇာ)
Coral Arakan News Agency

ရွှေမြန်မာ

No comments:

Post a Comment