Thursday 11 October 2012

ငြိမ်းချမ်းစွာ ဆန္ဒပြသော်လည်း မငြိမ်းချမ်းပဲ အလုပ်သမား ၇ ဦး တရားစွဲခံရ


ရွှေပြည်သာမြို့နယ် ၀ါးတစ်ရာ စက်မှုဇုန် သစ်အချောထည် နှင့် ပရိဘောဂ စက်၇ုံ တော်ဝင်မိသားစုကုမ္ပဏီမှ အလုပ်သမား ၃၀၀ ခန့်သည် ၂၄,၂၅ (၉လပိုင်း ၂၀၁၂ ရက်နေ့)တွင်
ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြောင်း ၊ မီဒီယာများတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။ ၃၀.၉.၂၀၁၂ ရက်နေ့တွင် အလုပ်ရှင်ဘက်ကနေ ကမ်းလှမ်းလာသည့်အတွက် အလုပ်သမားတွေတောင်းဆိုထားသည့်အချက် ၉ ချက်အား လိုက်လျောခဲ့ကြောင်း သိရှိခဲ့ရပေမယ့် အဆိုပါစာချုပ်အရ အလုပ်သမားတွေအတွက် လည်ပင်းညှစ်သည့်စာချုပ်ဖြစ်နေသည့် အပေါ် မပြေမလည်ဖြစ်ခဲ့ရသည်။ထပ်မံ၍ (၈.၁၀.၂၀၁၂) ရက်နေ့တွင် စမ်းချောင်းမြို့နယ် တော်ဝင်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ခန့်သည် ဦးဝိဇာရလမ်းပေါ်တွင်ငြိမ်း ချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး “အလုပ်သမားများကိုလေးစားပါတယ်။ ကိုယ်ချင်းစာပါတယ်။တခါတရံမှာ အောက်ခြေတွင်ဖြစ်သည့်အမှန်များကို ကိုယ်ကိုယ်တိုင်မသိရတဲ့အတွက် ၊ အခုဆန္ဒပြသည့်ကိစ္စသည့် မိဘ နှင့် သားသမီး ပုံစံပဲ သဘောထားပါသည်။ ပြေလည်သည်အထိ သူတို့တောင်းဆိုသည့် အချက်ကိုးချက်အား ဖြေရှင်းပေးပါမည်ဟု´´ အလုပ်ရှင်ဖြစ်သူ ဦးကိုကိုထွေး(ဥက္ကဌ)မှ ဆိုပါသည်။ယနေ့ ၁၁.၁၀.၂၀၁၂ ရက်နေ့ အလုပ်သမား ၇ ဦးအား ပ/၃၇၇/၂၀၁၂ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ၊ စမ်းချောင်းမြို့နယ် အမှတ် ၂၄ ရဲစခန်းမှ စခန်းမှူး ဦးမြအောင်မှ တရားစွဲဆိုထားကြောင်းသိရသည်။၎င်းကိစ္စ နှင့် ပတ်သက်ပြီး စခန်းမှူးမှ နေ “ကျွန်တော်တို့ က မူဘောင်အဖြစ်နဲ့မှ လုပ်ရမှာပါ။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ခွင့်တောင်းပါက ခွင့်ပေးမည်ဖြစ်ကြောင်း ၊ ခွင့်တောင်းခြင်းမရှိသည့် အတွက် မြို့နယ်မှူးကနေ ကျွန်တော်အား တရားလို လုပ်စေလိုကြောင်း ၊ တာဝန်ပေးသည့်အတွက် တရားစွဲဆိုခဲ့၇ကြောင်း ´´ဆိုထားပါသည်။ အလုပ်သမား ၇ ဦးဖြစ်သည့် ထွန်းထွန်းဝင်း ၊ ဇင်မျိုးကိုကို ၊ နေလင်းဦး ၊ ထက်ကိုကို ၊ မအိဇာဖြူ ၊ မသင်းသင်းမော် ၊ မသီတာအောင် တို့သည် ယနေ့ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ခွဲတွင် ရဲစခန်းသို့ လာကာ ရင်ဆိုင်ခဲ့ဖြေရှင်းနေရပါသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ အလုပ်ရှင် နှင့် အလုပ်သမားကြား မကြာခဏဖြစ်ပေါ်လေ့ရှိ သည့် ပြဿနာများအနက် ယခုဖြစ်ပွားသော အဓိက ပြဿနာသည် အလုပ်သမားအချင်းချင်း လူတန်းစားခွဲခြားဆက်ဆံ အခွင့်အရေးပေးမှုအတွက်ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်နိုင်မှ ဆိုထားသည်။ “တရားစွဲဆိုခံထားရတဲ့ အလုပ်သမားတွေရဲ့အပေါ်မှာ ကျွန်တော် အမြင်က အလုပ်ရှင် နှင့် အလုပ်သမားတိုက်ရိုက်တောင်းဆိုမှု ပြေလည်သွားတဲ့အပေါ်မှာ ဥပဒေအရ တရားစွဲခံထား၇ခြင်းအပေါ်မှာ တကယ်နစ်နာသူတွေအတွက် တရားဥပဒေအရ အကာအကွယ်မပေးနိုင်ဘူး ၊ ဥပဒေအရ တရားစွဲဆိုခံထားရပြီဆိုရင် အလုပ်သမားတွေအတွက် အလုပ်သမားတွေရဲ့ ကိုယ်စား အလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေဟာ ထောင်ချောက်မဖြစ်စေချင်ဘူး… တယ်လို့ အလုပ်သမားတွေဟာ ထောင်ချောက်ထဲမှာ ရောက်နေတယ်ဆိုရင် Action labour Rights အနေနဲ့ အဲဒီထောင်ချောက်ထဲကနေ သူတို့ အခွင့်အရေးတွေအတွက် တောင်းဆို ပေးရမှာပဲဟု´´ အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ရွှေပြည်သာမြို့နယ်တာဝန်ခံ ဦးကျော်အေးမှ ပြောကြားသွားပါသည်။ တရားစွဲဆိုခံထားရသော အလုပ်သမားခေါင်းဆောင် ၇ ဦးအား စမ်းချောင်းမြို့နယ် အမှတ် ၂၄ ရဲစခန်းတွင် ၁၁ ရက်နေ့ နေ့လည် ၁ နာရီအထိ တိုင်အောင် တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

စိုးဝင်းနိုင်

By Hot News Weekly

No comments:

Post a Comment