Thursday 11 October 2012

ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်း ဖွင့်လှစ်ခွင့်ပြုခဲ့ရာတွင် ကျောင်း ၂၀ မှာ ယာယီခွင့်ပြုကာလ နှစ်နှစ်ရရှိခဲ့ပြီး ကျန်သည့်ကျောင်းများက တစ်နှစ်စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိ


mt6ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ရာတွင် ကိုယ်ပိုင်ကျောင်း ၂၀ ကို ယာယီခွင့်ပြုကာလဖြင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ကျန်ခုနစ်ကျောင်းအား
စမ်းသပ်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။

ယာယီခွင့်ပြုချက်ရရှိသည့်ကျောင်းများမှာ ဖွင့်လှစ်ခွင့်နှစ်နှစ်ရရှိပြီး စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်းများမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ကျောင်းများနှင့်တွဲဖက်၍ တစ်နှစ်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။"ယာယီခွင့်ပြုချက်နှစ်နှစ်ရရှိတဲ့ကျောင်းတွေက အစိုးရကျောင်းများနည်းတူ ကျောင်းအုပ်ကြီးတံဆိပ်တုံး၊ ကျောင်းတံဆိပ်တုံးဆိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ အထက်တန်းကျောင်းဆို အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းဆို အလယ်တန်းကျောင်း၊ မူလတန်းကျောင်းဆို မူလတန်းကျောင်း  စတာတွေရဲ့လုပ်ကိုင်ဆောင်ရွက်ခွင့်ကို အစိုးရကျောင်းများနည်းတူလုပ် ဆောင်လို့ရပါတယ်။ တစ်နှစ်စမ်းသပ်ဖွင့်ခွင့်ရတဲ့ ကျောင်းတွေကတော့ မိမိကျောင်းနဲ့တွဲဖက်ထားတဲ့ကျောင်းတွေကနေတစ်ဆင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ယာယီနှစ်နှစ်ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်းများတွင် ယခင်ကစမ်းသပ်ကာလဖြင့်ဖွင့်ခွင့်ပြုခဲ့သည့်ကျောင်း ၁၀ ကျောင်းအပြင် စံပညာ့ရိပ်သာ (ICEC)၊ အောင်အကယ်ဒမီ၊ ပညာရွှေပြည်၊ ကောင်းစုံ၊ ကောင်းစုစံပညာ့ရိပ်မွန်၊ အမေ့အိမ်၊ ကောင်းထက်ကျော်၊ ပညာပါရမီ၊ စိန်ကံ့ကော်ပွင့်နှင့် မိုးသောက်ပန်းအကယ်ဒမီစင်တာ တို့ပါဝင်ပြီး စမ်းသပ်တစ်နှစ်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများတွင် Total Learning Academy၊ မြန်မာရာဇာ ပညာရေးပဒေသာ၊ ပင်လုံနှင်းဆီ၊ Headway  Education Center၊ ပညာမြင်းမိုရ်၊ TLC Thuwunna Learning Centre နှင့် Great Light တို့ဖြစ်ကြကြောင်း သိရှိရပါသည်။"အရင်ဦးဆုံး pilot project အနေနဲ့ ဖွင့်ခွင့်ရခဲ့တဲ့ကျောင်းတွေအားလုံး ထပ်မံဖွင့်လှစ်ခွင့်ရရှိခဲ့ပါတယ်။

"သတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့အတွက် ဖွင့်ခွင့်ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်" ဟု ရွှေပင်ရွှေသီး ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူကဆိုသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၄)ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးယင်းဥပဒေအရ ၂၀၁၂ ဧပြီလ ၃၀ ရက်နေ့တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၂-၁၃ပညာ သင်နှစ်မှစတင်ကာ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                

By Eleven Media Group

No comments:

Post a Comment