Thursday 11 October 2012

ဧည့်မျှော်ဇောနှင့် မောရဦးမည့် တိုးရစ်ဂိုက်မလေး

နိုင်ငံတော် လက်သုံးစကားတစ်ခွန်းကို လူတိုင်းသိကြသည်။ပြည်ပအားကိုး ပုဆိန်ရိုး။ မြန်မာအမျိုး သမီးအချို့သည် မိမိနိုင်ငံသားထက် နိုင်ငံခြားသားများကိုသာ
အထင်ကြီးလေးစားဆက်ဆံလျှက်ရှိသည်။ ပြည်ပနိုင်ငံမှ အလည်လာသည့် တိုင်းတပါးသားများကို ဘုရားသဖွယ် ကြည်ညိုနေသူ
များလည်း တပုံတပင် ရှိပေသည်။

မန္တလေးတိုင်းဒေသကြီး၏ ရှေးဟောင်းအဆောက်အဦးတစ်ခုရှေ့တွင် မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများ ပွဲသဘင်တစ်ခုလို စည်ကားနေသည်။ အချိန်က ညနေခင်းဖြစ်သည်။ ထိုလမ်းဆုံလမ်းခွရှိ ထိုအဆောက်အဦး၏
လှေခါးထစ်များပေါ်၌ ထိုင်ရင်းဆိုင်ကယ်ကယ်ရီသမားများနှင့်လူအချို့စကား
လက်ဆုံကျလျှက်ရှိသည်။

ထိုလမ်းထောင့်တွင် အင်တာနက်ဆိုင်များ၊ ဟိုတယ်များရှိပြီး သွားလာလှုပ်
ရှားနေသည့် လူအုပ်နှင့် ညနေခင်း နေ၀င်ဆည်းဆာသည် သက်ဝင်လှုပ်
ရှားနေသည်။ ထိုလူအုပ်ထဲမှ အသားဖြူဖြူ အရပ်ခပ်ပြတ်ပြတ်(၅) ပေခန့် မိန်းကလေးတစ်ဦးလည်း ပါဝင်သည်။

ထိုမိန်းကလေးသည် ၁ပေခန့်ရှိ အပြာရောင်ဂျင်းစကတ်အတို ၀တ်ဆင်
ထားကာပါးပေါ်တွင် နိုင်ငံခြားမှလာသည့် မိတ်ကပ်များလိမ်းထားသည်မှာ သူမ အသားအရည်နှင့် လိုက်ဖက် နုပျိုဝင်းမွတ်နေသည်။ ဒေါင့်မြင့်ဖိနပ် စီးထားတော့ သူမ ပုံစံမှာ စတိုင်ကျလှသည်။ သူမ လွတ်လပ်ပေါ့ပါးစွာ အနားရှိဆိုင်ကယ် ကယ်ရီသမားများနှင့် ရင်းရင်းနှီးနှီး ထိုင်စကားပြော
နေကြခြင်းဖြစ်သည်။

မကြာခင် သူမအနားသို့ နိုင်ငံခြားသား တစ်ဦး ရောက်လာပြီး သူမကို စကားလာပြောသည်။ နောက် သူတို့နှစ်ဦး အအေးဆိုင်ထဲ ၀င်သွားကြ
သည်။

အသက်(၂၅) နှစ်ရှိ လူငယ်တစ်ဦးဖြစ်သည့်အလျှောက် သူမ စတိုင်မှာ သွက်လက်ဖြတ်လက်နေကာ နိုင်ငံခြားသားများနှင့် အင်္ဂလိပ်စကားကို ပိုင်နိုင်စွာ ပြောဆိုနေသည်။ သူမသည် နိုင်ငံခြား စကားပြန်တစ်ဦး ဖြစ်နေ
လေသည်။

မိန်းကလေးတစ်ဦးအနေဖြင့်တိုးရစ်ဂိုက်လုပ်ရင်း ဘ၀ကိုရပ်တည်နေကာ မိသားစုကို ထောက်ပံ့နေသည့် သူမတွင် နိုင်ငံခြားသားနှင့် ရရှိခဲ့သော ကလေးနှစ်ယောက်နှင့် တစ်မြို့တည်းနေ အမျိုးသားတစ်ဦးဖြင့် ရရှိခဲ့
သေးသော ကလေးတစ်ယောက်ရှိသည်ဟု သူမက ပြောပြခဲ့သည်။

တိုးရစ်ဂိုက်အဖြစ် အလုပ်လုပ်တာ လေးနှစ်လောက်ပဲ ရှိဦးမယ်။ ´´ ဟု သူမက ပြောပြရင်း ရီနေသည်။

သူ့တွင် ကလေးသုံးယောက်ရှိကြောင်းသိရပြီး တိုးရစ်ဂိုက် မလုပ်ခင် သူမမှာ သားယောက်ျားလေး တစ်ဦး ရှိသည်။ ထိုအချိန်က ဘ၀ကို မသိနားမလည်
ခဲ့ပဲ မိုက်ရှုးရဲမှုတစ်ခုကြောင့် ကိုယ်ဝန်ရရှိခဲ့သည်။ မှားယွင်းခဲ့သည့်
ကောင်လေးဘက်က တာဝန်ယူရန်ကို ငြင်းဆိုခဲ့သည့်အတွက် လက်မထပ်
ဖြစ်ခဲ့ပေ။

" အမေကတော့ အားပေးတယ်။ အားပေးတယ်ဆိုတာ ကိုယ့်တာဝန်ကို ယူဖို့ပေါ့။ ကျွန်မဒီကလေးကို မွေးခဲ့တယ်။"ဟု ခပ်အေးအေးပင် သူမက
ပြောပြသည်။

အမှန်တော့ သူ့အနေဖြင့် တူးရစ်ဂိုက်လုပ်ဖြစ်လာရခြင်းက သူမ အထက်တန်း
ကျောင်းသူဘ၀တွင် နိုင်ငံခြားသားတစ်ယောက်အား ဧရာဝတီမြစ်ဆိပ်သို့
လိုက်ပါ ပို့ဆောင်ပေးရင်း အစပြုခဲ့ကြောင်းလဲ သိရသည်။

အဲဒီတုန်းက အသက် ၄၀ လောက်ရှိတဲ့ နိုင်ငံခြားသားတစ်ယောက်က
မြစ်ဆိပ်သွားတဲ့ လမ်းလာမေးတာ မေးတော့ လမ်းညွှန်ရာနေ လိုက်ပို့ပေး
ဖြစ်ပြီး သူနဲ့အရမ်းခင်သွားတယ်ဟု သူ့ဘ၀အကြောင်းကို ပြန်ပြောပြခဲ့သည်။

ထိုအချိန်မှစတင်ကာ ကျပ်တည်းနေသော သူမတို့မိသားစုလေးရဲ့ စားဝတ်နေရေးသည် ထိုနိုင်ငံခြားသား၏ ကူညီမှုများဖြင့် အနည်းငယ် အဆင်ပြေခဲ့သည်ဟု သူမ၀န်ခံခဲ့သည်။

နောက်ပိုင်းတွင် ထိုနိုင်ငံခြားသားအမျိုးသားက သူမကို ကူညီမှုများပေးရင်းက
ခရီးအတူသွားဖြစ်ခဲ့ကာ သူမနှင့် အကြောင်းပါခဲ့သည်။

ကျွန်မ ဒီနိုင်ငံခြားသားနဲ့ ကလေးရတော့ ရပ်ကွက်ထဲက ပြောကြတယ်။ ကဲ့ရဲ့တာပေါ့နော်။ နောက်ပိုင်းတော့ ဘာမှ မပြောတော့ဘူး။ မပြောဘူး
ဆိုတာက ကျွန်မအမျိုးသား နိုင်ငံခြားသားရဲ့ မျက်နှာကြောင့်ပါတယ်။ ကိုယ်ဝန်ရတော့ သူ့ကိုအသိပေးလိုက်တယ်။လိုလေသေးမရှိအောင်
ထောက်ပံ့ပေးခဲ့တယ်။ ကလေးမွေးတော့လည်း လာတယ်ဟု သူမက
ပြောသည်။

သို့ပေမယ့် သူမအတွက် တကယ့်အခက်အခဲမှာ ထိုအမျိုးသားမှ သူမအား လက်မထပ်ခဲ့ပေ။

လမ်းပေါ်တွင် တူးရစ်ဂိုက်အဖြစ်အလုပ်လုပ်ရင်း ရုန်းကန်နေသော သူမ
ဘ၀တွင် စိတ်ညစ်စရာများ ကြုံတွေ့ ရတိုင်း ထွက်ခွာသွားဖို့စဉ်းစား
မိသည်ဟု သူမကပြောသည်။

သို့သော် သူမတွင် ကလေးများနှင့် ထွက်ပေါက်မရခဲ့ခြင်းဖြစ်သည်။ ထို့အတွက် သူ့အတွက် ရွေးချယ်ရန်မှာ သူမကျွမ်းကျင်သည့် တူးရစ်ဂိုက်
အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်ရန် ဖြစ်ပြီး နိုင်ငံခြားသားအမျိုးသားများ
နှင့် ထပ်မံ ထိတွေ့ဆက်ဆံခဲ့ရသည်။

ဂိုက်လိုက်ရင် တစ်သောင်းပဲယူတယ် ခရီးစဉ်အစအဆုံးပေါ့။ အဓိကကတော့ ၀ါသ၀နာပါလို့ လုပ်တာဟုသူမက ပြောပြသည်။

ထိုကဲ့သို့နေရင်း ၂၀၁၀ ခုနှစ်တွင် နောက်ထပ် ရင်သွေးလေး သူမဘ၀ထဲကို
ရောက်ရှိလာပြန်သည်ဟု ရယ်မောပြီး ပြောသည်။

ဘယ်တစ်ယောက်နဲ့ဆိုတာ မသိလိုက်ဘူး။ ဘီယာတွေလဲ မူးနေတာ။ ကျွန်မ အဖိုးကြီးသိသွားတော့ ကျမကို သစ္စာမရှိဘူးဆိုပြီး စိတ်ဆိုးတာပေါ့။ ကျွန်မကလဲ မှားခဲ့တဲ့ဟာကို သူ့ကိုဝန်ခံခဲ့တယ်။ မတတ်နိုင်ဘူးလေ ဖြစ်ပြီး ခဲ့ပြီဟု ပြောပြသည်။

ကလေးသုံးယောက်မိခင်ဖြစ်လာပြီဖြစ်သော သူမသည် သူ့သမီးလေး
နှစ်ယောက်နှင့် သားလေး တစ်ယောက်အတွက် ရုန်းကန်မြဲဖြစ်ပြီး သူများနည်းတူ အဆင့်မြင့်မြင့် မထားနိုင်လျှင်မူ ပညာများသင်ပေးသွားမည်
ဟုလည်း သူ့ရည်ရွယ်ချက်ကို ပြောပြသည်။

သူများဒါဝယ်ပေးရင် ကိုယ့်ကလေးလဲ ၀ယ်ပေးနိုင်ရမယ်။ဝယ်ပေးနိုင်အောင်
လဲရုန်းကန်တယ်။ ခုသူတို့လေးတွေအတွက် ပိုက်ဆံစုနေပြီ။ အနာဂတ်မှာ ပညာကောင်းကောင်းတတ်အောင် လုပ်ပေးချင်တယ်ဟု ပြောပြသည်။

ညနေသည် နုပျိုနေဆဲ ဖြစ်သည်။ ထိုလမ်းဒေါင့်လေးတွင် ယာဉ်ပေါင်းစုံ ရှုပ်နေသည်။ လမ်းဒေါင့်တွင် နိုင်ငံခြားသားများ။ ထိုနိုင်ငံခြားသားများကို
မှီပြီး အလုပ်လုပ်နေသော ကားသမား၊ ဆိုင်ကယ်ကယ်ရီသမားများ လမ်းမပေါ်တွင် အပြည့် ဖြစ်သည်။ ထိုထဲတွင် သူမကတော့ လှေခါးထစ်
များပေါ်တွင် ထိုင်ရင်း သူမကလာခေါ်မည့် ဧည့်သည်ကို ထပ်မံ စောင့်မျှော်
နေဆဲဖြစ်သည်။

By MyitMakha Media Group

No comments:

Post a Comment