Friday 21 September 2012

iPhone 5 ၏ မြေပုံဆိုင်ရာ App တွင် အမှားအချို့ရှိနေ


iPhone 5 ၏ မြေပုံဆိုင်ရာ App တွင် အမှားအချို့ရှိနေAppleက နောက်ဆုံး ထုတ်လုပ်ရောင်းချသည့် iPhone 5တွင် မြေပုံဆိုင်ရာ Appသစ်၏ အမှားအချို့ကြောင့် ဝေဖန်ချင်စရာများ ဖြစ်လာရကြောင်း သိရှိရသည်။ အစောပိုင်းက Google၏ မြေပုံစနစ်များကို Appleက အသာစီး

ယူလာနိုင်မည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ခြေ မရှိသေးဘဲ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများ လိုအပ်လျှက် ရှိနေသည်။

Appleက နောက်ဆုံး ထုတ်လုပ်ရောင်းချသည့် iPhone 5တွင် မြေပုံဆိုင်ရာ Appသစ်၏ အမှားအချို့ကြောင့် ဝေဖန်ချင်စရာများ ဖြစ်လာရကြောင်း သိရှိရသည်။ အစောပိုင်းက Google၏ မြေပုံစနစ်များကို Appleက အသာစီး ယူလာနိုင်မည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း လက်တွေ့တွင်မူ ဖြစ်နိုင်ခြေ မရှိသေးဘဲ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများ လိုအပ်လျှက် ရှိနေသည်။ အထူးသဖြင့် ဝေဟင်မှ ရိုက်ကူးထားသော 3Dဓာတ်ပုံ စနစ်များသည် လက်တွေ့နှင့် အံချော်ကာ ကွေးကောက် ပုံပျက်မှုများ ဖြစ်နေသလို Google Mapလောက်လည်း နေရာပြ စနစ်တွင် တိကျ သေသပ်မှု မရှိချေ။ Appleသည် ကိုယ်ပိုင် Map Appတစ်ခု ထုတ်လုပ်ရန် စီစဉ်ပြီးကတည်းက Google Mapကို iOS၏ Built-in Appစာရင်းမှ ဖယ်ထုတ်ခဲ့သည်။


(Albert တံတားအား Apple ၏ 3D Map တွင် မြင်တွေ့ရပုံနှင့် Google Map တွင် မြင်တွေ့ရပုံ ကွားခြားမှု)

လက်ရှိတွင်မူ Apple၏ မြေပုံစနစ်မှာ လမ်းများနှင့် တံတားများ၏ တည်နေပုံများ မှားယွင်းနေသလို အချို့သော ဂြိုဟ်တု နေရာပြ စနစ်များတွင် မြင်ကွင်းမရှင်းဘဲ မိုးတိမ်များ ကာနေသည်ကိုပါ တွေ့နေရသည်။ Appleသည် အဆိုပါ ချွတ်ယွင်းချက်များကို လျင်လျင်မြန်မြန် ပြင်ဆင်သွားရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ Appleသည် Google Mapနေရာတွင် အစားထိုးရန်အတွက် ၎င်းတို့၏ Map Appကို ထုတ်ပေးခဲ့သော်လည်း ချက်ချင်းလိုလို ဝေဖန်မှုများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။



(Manchester United Football Club ဟု ရှာဖွေသော်လည်း Apple Map တွင် Sale United ကို မှားယွင်းဖော်ပြ)

Appleသည် iPhone 5နှင့်အတူ iOS 6ကိုပါ မိတ်ဆက် ပြသခဲ့ရာ နောက်ထပ်လည်း အမှားအယွင်းအချို့ ထွက်ပေါ်လာဖွယ် ရှိနေဆဲဟု လေ့လာသူများက သုံးသပ်ထားသည်။ ယခုAppတွင်မူ နေရာညွှန် စနစ်များ လွဲချော်နေသလို အချို့သော တည်နေရာများကို အမည်စာရိုက်ပြီး ရှာဖွေရာတွင်လည်း အမှားအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: DailyMail

By Planet Myanmar Network

No comments:

Post a Comment