Friday 21 September 2012

ကျောက်တော် လူသတ်မှု တရားခံ ဘင်္ဂါလီ နှစ်ဦး ထောင်ဖောက်ထွက်ပြေး


ကျောက်တော်မြို့တွင် စက်တင်ဘာလ ၁၁ရက်နေ့က ရခိုင်တိုင်းရင်းသား တစ်ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသော တရားခံ ၆ဦး အနက် နှစ်ဦး ယနေ့က ထောင်ဖောက်ထွက်ပြေးသွားသည်။

၎င်းတို့သည် ထောင်ရှိ သံတိုင်များကို ပုဆိုးဖြင့် လိမ်ကာ ဖောက်ထွက်သွားခြင်းဖြစ်ပြီး တာဝန်ရှိ ရဲတပ်ဖွဲ့၏ အားနည်းမှုကြောင့် ဖြစ်သည်ဟု ဒေသခံများ ပြစ်တင်ဝေဖန်နေကြသည်။

ထွက်ပြေးသွားသော ယင်းတရားခံ ဘင်္ဂါလီ နှစ်ဦးကို ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

အဆိုပါ တရားခံ နှစ်ဦးကို ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အသက်(၆၃)နှစ်၏ သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

ဦးကျော်မောင်ချေသည် မလေးရှားတွင် အလုပ်လုပ်နေသော သားဖြစ်သူထံမှ ပို့ပေးလိုက်သော ပိုက်ဆံကို ကျောက်တော်မြို့တွင် သွားရောက်ထုတ်ယူ၍ အပြန်လမ်းတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဦးကျော်မောင်ချေ သဂြိုလ်သည့်နေတွင် ကျောက်တော်ဒေသခံများ တရားခံ အမှန်ကို ဖော်ထုတ်ပေးရန် တောင်းဆိုနေကြပုံ

ဓါတ်ပုံ - Rakhine Straight Views

By Rakhine Citizen Journalists

No comments:

Post a Comment