Friday 21 September 2012

ပါကစ္စတန်တို့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့တွင် အကြမ်းဖက်ဆန္ဒပြ


စက်တင်ဘာ ၁၉ ။ ။ ပါကစ္စတန်နိုင်ငံ အရှေ့ ပိုင်း Lahore မြို့ တွင် ပါကစ္စတန် ပြည်သူများ အမေရီကန်အား ဆန့်ကျင် ဆန္ဒပြနေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများတင်မကပဲ အာရှရှိ မွတ်စလင်နိုင်ငံ များသို့ပါ ကူးဆက်လာသည့် ဘာသာရေး ပဋိပက္ခဖြစ်သည်။ အမေရိကန်တို့ ရိုက်ကူးသော အစ္စလာမ်ဘာသာ ထိပါးပုတ်ခတ်သည့် ရုပ်ရှင်ကြောင့် အီရန်တွင် အကြမ်းဖက် သည့် အဆင့်ထိ ရောက်ရှိခဲ့ရာမှ ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ် ရပ်ဝန်းသို့ ပျံနှံ့ခဲ့သည်။


ပါကစ္စတန်တွင်လည်း၊ နေ့ရက်ကြာ ဆန္ဒပြမှုများ ပြုလုပ်ပြီး အမေရိကန်ကောင်စစ်ဝန်ရုံးကို ဝင်ရောက်ဖျက်ဆီးရန် ကြိုးပမ်းလျက် ရှိသည်။ လူမဲ့လေယာဉ်ဗုံးကြဲမှု နယ်စပ်တွင် လူမှား ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် ပါကစ္စတန်ပြည်သူများအတွက် ဒေါသ စုပုံနေသည့် ပါကစ္စတန်နိုင်ငံသားများကို နိုးဆွပေးသကဲ့သို့ ဖြစ်ရသည်။ ယင်းသို့ အကြမ်းဖတ်မှုများကို တားဆီးရန် လုံခြုံရေးရဲ များ နှိမ်နှင်းရာမှ ဆန္ဒပြသူ နှစ်ဦးသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။


ဆန္ဒပြမှုသည် အကြမ်းဖက်သည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး ရဲနှင့် ပြည်သူများ တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
---
Ref:news.cn

By International News for Myanmar

No comments:

Post a Comment