Friday 21 September 2012
""ရခိုင်အထူးစုံစမ်းရေးအဖွဲ့ က မစုံစမ်းတတ်သူများ မဖြစ်ကြပါစေနဲ့ ""
( အောင်သာနီ)
သတင်းတပုဒ် ဖတ်ရတယ် ။ ပေါက်တောမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတက်ထွန်းအောင်
ကို အထူးစံစမ်းစစ်ဆေးရေးသမားတွေက
 မေးမြန်းခဲ့ တယ် ။အဲဒီမှာ ဒေါ်သန်းသန်းနုတို့ 
လဲ ပါတယ် ။
ဦးတက်ထွန်းအောင်ကဘင်္ဂလီကုလားတွေကို ၀န်ကြီးချုပ်ဟောင်း ဦးနုက သူ့ ပါတီမဲ
အနိုင်ရစေဖို့ လုပ်ပစ်ခဲ့ တာကို ပြောပြတယ် ။
ဒေါ်သန်းသန်းနုက ကျမက ဦးနုရဲ့ သမီးပါလို့ ပြန်ပြောတယ် ။ ဦးတက်ထွန်းအောင်က နာမည်ကြားဖူးပါတယ် ။
ဒါပေမဲ့  သူ့ ပါတီမဲအနိုင်ရဖို့ လုပ်တာကိုတော့ ပြောရမှာဘဲ ဆိုပြီး ပြောတယ် ။
အဖေလုပ်သူရဲ့ ဒဏ်ကို သမီးဖြစ်သူက ခံစားရလေတယ်လို့ ဒေါ်သန်းသန်းနု
က မှတ်ထင်သွားနိုင်တယ် ။
ကိုတော့နားလည်သွားပေးဖို့ လိုတယ် ။
ဒီ့နောက် ဆက်ပြီးတော့ အမေးအဖြေ လုပ်ရာမှာအံဝင်ကွင်မကျတာတွေ ဖြစ်လာ
တာတွေ့ ရတယ် ။  ဘယ်လိုဖြစ်တော့မှာလဲ ။ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့  သမီးဖြစ်သူ
ဒေါ်သန်းသန်းနုကမေးစမ်းနေရတာကိုး ။ဦးတက်ထွန်းအောင်က ဘင်္ဂလီ
စုံစမ်းစစ်ဆေးသူတွေကဒါတွေကအတိတ်တွေကလို့ ဆိုပြီး မေးစရာမလိုသလို ပြော
စရာမလိုလို့  ပြောတယ်တဲ့  ။
ကဲ - ဒီတော့ခါ သမ္မတဦးသိန်းစိန်အစိုးရက ရခိုင်ပြည်အတွက်အထူးစုံစမ်းစစ်ဆေးရေး
အဖွဲ့ ဆိုပြီး ကိုယ်စားလှယ်အဖွဲ့ တွေဟာဘာကိုအခြေခံပြီး မေးခွန်းထုတ်ရမှာလဲ
ဆိုတာ မသိဘဲနဲ့  နာမည်ကြီးချင်လို့ ပါဝင်ချင်တာနဲ့ ကို သွားကြတာဖြစ်တယ် ။
 ဒါက သမ္မတဦးသိန်းစိန်ရဲ့  စေတနာကိုစော်ကားသလို ဖြစ်ရပ်မှန်ကိုလဲ မှန်မှန်
ကန်ကန် ဖြစ်စေမှာ မဟုတ်ဘူး ။
  နိုင်ငံတော်ကလဲ သိဖို့ ကောင်းပါတယ် ။ ရခိုင်ပြည်ကိစ္စမှာဝန်ကြီးချုပ်ဦးနုဟာ စနက်
တန်တချောင်းပါဘဲ ။ ဒါကို လောင်စာထည့်ပြီးဘာမှလုပ်စရာမလိုဘူး ။ သတိထားပြီး
ကိုယ်စားလှယ်တွေ  လုပ်ခိုင်းသင့်တယ် ။
ပြီးတော့ သတင်းသမားတွေ ဂျာနယ်လစ်တွေ အများကြီးတွေဘဲ ရှိနေတယ် ။
သူတို့တွေကို ကိုယ်စားလှယ်တွေ လုပ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ခိုင်းရင်
ဖြစ်ရပ်မှန်သတင်းတွေ အထောက်အကူပြု အချက်အလက်တွေ
ရရှိမှာဖြစ်တယ် ။
မတူဘူးဆိုတာသိသာနိုင်ပါတယ် ။
 တချိန်က ကျနော်က တကယ့်ဖြစ်ရပ်မှန်မှုခင်း ဂျာနယ်မှာ သတင်းထောက်
တယောက်အဖြစ် ရေးသားခဲ့ သူဖြစ်တယ် ။
 နေပြည်တော်ရဲက ထုတ်ဝေတဲ့  အယ်ဒီတာမောင်ယဉ်ကျော် ဦးစီးတဲ့ မှုခင်း
ဂျာနယ်ဆိုတော့ လူသတ်မှုသတင်းတွေဘဲပေါ့ ။
ရာဇ၀တ်မှုသတင်းကို ရေးသားရာမှာ အခြေခံအကြောင်းအရာတွေကို
 ဖေါ်ပြရတော့စိတ်ဝင်စားစရာ အခြေခံအကြောင်းလေးတွေနဲ့  ဖေါ်ပြတယ် ။
 ပြီးတော့မပြီးပြတ်သေးတဲ့  ရန်ငြိုးရန်စတွေ ထိတ်လန့် စရာဖြစ်လာမဲ့ 
အခြေအနေတွေကိုဖေါ်ပြတယ် ။ တကယ့်ဖြစ်ရပ်မှန်မှုခင်းဂျာနယ်
ဟာ သာကေတမြို့ နယ်မှာရှောင်တိမ်းနေတဲ့  လူသတ်သမား ရောက်နေတယ်
 ဆိုတဲ့  သတင်းခေါင်းစဉ်နဲ့ ဖေါ်ပြခဲ့ တယ် ။
စာဖတ်သူ ပရိတ်သတ်က စိတ်ထဲမှာ တခုခု ခံစားလာရတယ် ။
ရှေ့ဆက်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်စိတ်တွေ ၀င်လာကြတယ် ။ လူသတ်သမားက
သာကေတမြို့ နယ် ရောက်နေပြီ မဟုတ်လား ။ ဒီလိုပါဘဲ ။
ရာဇ၀တ်မှုတွေကိုအခြေခံနေတဲ့  ရခိုင်ပြည်နယ်က သတင်းအချက်အလက်တွေ
ကို စုံစမ်းသူများဟာသတင်းဂျာနယ်လစ်တွေ မဟုတ်ဘဲ မှတ်တမ်းတင်
စာရေးတွေရဲ့ အလုပ်ကိုနိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေကို ခိုင်းနေလို့ 
ကတော့ ဘာမှအလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ် ။
 ဆိုလိုချင်တာက မေးတာစမ်းတာ အင်တာဗျုးတွေ လုပ်ခိုင်းတာက
သတင်းထောက်တွေ ဂျာနယ်လစ်တွေ သတင်းစာဆရာတွေကို လုပ်ခိုင်း
တာပိုကောင်းပါတယ် ။
ပြီးတော့ ဒေါ်သန်းသန်းနုတို့ လို ရခိုင်လူမျိုးတွေအတွက် အနာဟောင်းကို
တူးဆွပေးမဲ့ သူတွေကိုလဲ မေးတာမြန်းတာများမှာ မပါဝင်စေချင်တာပါဘဲ ။
စုံစမ်းစစ်ဆေးတာများကို သုံးသပ်ပြီး စာရင်းပြုစု မာတိကာ ခွဲ တဲ့  သူအဖြစ်
 အသိအမှတ်ပြု ပေးလို့  ရပါတယ် ။
ခုအချိန်ထိ စုံစမ်းစစ်ဆေးသူများရဲ့ လေ့လာချက်တွေကို ကြည့်တော့
သမိုင်းလိမ်ဘင်္ဂလီကုလားတွေရဲ့ သမိုင်းဆိုင်ရာအချက်အလက်များ ၊
ယဉ်ကျေးမှူလက်ရာများ ၊ စာပေများကို ဖေါ်ပြတင်ပြတာတွေ မရှိသေးဘူးဆို
တာပါဘဲ။
ပါးစပ်ပြောနဲ့  ငါတို့ ဟာ လူမျိုးတပါလို့  ပြောလို့ မ ရသလို
လူမျိုးတမျိုးပါလို့  ပြောနိုင်တဲ့  အချက်အလက် တခုတလေကိုမျ
မတင်ပြနိုင်တာကို ထောက်ရှူရရင် ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး
အဖွဲ့ ဟာ ရခိုင်ပြည်နယ်က ပြသနာ အဓိက အပိုင်းဟာ ဘာလဲဆိုတာကို သိ
နိုင်လောက်ပါပြီ။
 ဇါဂနာပြောသလို သိပ်ကို ရှင်းနေပါတယ် ။  ကျနော်တို့  မေးစမ်းတဲ့ 
သူတွေဟာ ဘယ်သူကမှ ရိုဟင်ဂျာလို့  မပြောကြဘူး ။ ဘင်္ဂလီမွတ်ဆလင်
လူမျိုးပါလို့  ပြောတယ် ။
 ရိုဟင်၈ျာလို့  ခေါ်စေချင်သလားလို့  မေးတာတောင်
အဲဒီလို ခေါ်စေချင်ရင် အဲလို ပြောမယ် ဆိုတာတောင် သူတို့ က မပြောပါဘူးတဲ့ 
။ သူတို့ ဟာ ဘင်္ဂလီလူမျိုးပါလို့  ပြောတာပါတဲ့  ။
 ကျေးဇူးပါဘဲ ကိုဇါဂနာ -ဒီလို ဗြောင်မေး ဗြောင်ပြောတဲ့  ခင်ဗျားကို ဒီနေရာမှာ
ချီးကြူးပါရစေ ။ဒါပေမဲ့  နောက်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့  မေးတာ
စမ်းတာအင်တာဗျူး လုပ်တဲ့ သူတွေဟာ  ဒေါ်သန်းသန်းနုတို့ လို ဟိုလူတွေက
 ဒီလိုပြောနေတယ် ဆိုတာမျိုးလို နိမိတ်ပြ အင်တာဗျူးမျိုးနဲ့  မပြုလုပ်ကြပါနဲ့ 
မှာလိုက်ပါရစေ ။
  နိုင်ငံရေးသမားတွေဟာ သတင်းသမားတွေရဲ့  အလုပ်ကိုမလုပ်တတ်ပါဘဲနဲ့ 
လုပ်လို့ ကတော့ လူမျိုလို့  လူမျိုးပျောက်မဲ့  အရေးကိုကာကွယ်နေကြတဲ့ သူအဖို့ 
 ပိုပြီးတော့ အန္တရယ်ရှိလာနိုင်တယ်ဆိုတာပြောကြားချင်ပါတယ် ။
အောင်သာနီ
ရွှေမြန်မာ
No comments:
Post a Comment