Friday 21 September 2012

ကယ်လီဖိုးနီးယားတက္ကသိုလ်က နည်းပညာ မူပိုင်ခွင့်ဖြင့် Facebook အား တရားစွဲ


ကယ်လီဖိုးနီးယား တက္ကသိုလ်က နည်းပညာမူပိုင်ခွင့်ဖြင့် Facebook အား တရားစွဲအမေရိကန်၏ နာမည်ကျော် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ တာဝန်ရှိသူ များက နည်းပညာဆိုင်ရာ မူပိုင်ခွင့်ကိစ္စဖြင့် နာမည်ကျော် နည်းပညာ ကုမ္ပဏီများဖြစ်သော Facebook, Wal-Mart နှင့် Walt Disney တို့ကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ တရားစွဲဆိုမှုတွင် ၎င်းကုမ္ပဏီများမှ ခိုးယူ အသုံးပြုသည်ဟု ယူဆထားရသည့် မူပိုင် မှတ်ပုံတင် နည်းပညာလေးမျိုးကို ကယ်လီဖိုးနီးယား တက္ကသိုလ် ထုတ်ဖော် ပြောကြားခဲ့ပြီး ထိုနည်းပညာများသည် ၎င်းတို့အနေဖြင့် အခြား နည်းပညာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖန်တီးခဲ့ရသည့် နည်းပညာများ ဖြစ်သည်ဟုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပြောရေးဆိုခွင့်ရှိသူက နည်းပညာ ခိုးယူသုံးစွဲမှုအပေါ် ထိုက်တန်သည့် နစ်နာကြေးရရှိရန် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားရုံးအနေဖြင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြုလုပ်နိုင်သေးသော်လည်း Facebook ကုမ္ပဏီက ခိုးယူ အသုံးပြုသည်ဆိုသည့် အချက်ကို ငြင်းဆန်နေသောကြောင့် ယင်းအမှုမှာ အချိန်ကာလ ကြာမြင့်ဖွယ် ရှိနေသည်။
သုတေသန ပြုလုပ်ရာတွင် ထူးချွန်သည့် ကယ်လီဖိုးနီးယား တက္ကသိုလ် နည်းပညာရှင်များ အနေဖြင့် ယခုကဲ့သို့ နည်းပညာကုမ္ပဏီများနှင့် မူပိုင်ခွင့်ပြဿနာများ ကြုံတွေ့ရခြင်းမှာ မထူးဆန်းသည့် အခြေအနေဖြစ်သော်လည်း တက္ကသိုလ်နှင့် ပူးပေါင်း သုတေသနလုပ်ဆောင်သည့် မိတ်ဖွဲ့ အဖွဲ့အစည်းများက မကြာခဏဆိုသလို နည်းပညာ ပုံတူကူး အသုံးပြုခံနေရခြင်းကို စိတ်ပျက်နေကြောင်း သိရှိရသည်။

By ရိုးရာလေး

No comments:

Post a Comment