နိုင်ငံတကာတွင် Apple ကုမ္ပဏီထုတ် iPhone 5 များ ရောင်းအား မြင့်တက်နေရသော်လည်း အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့်Google မှာ ၎င်း၏ သရဖူကိုGoogle တို့အနေဖြင့် ၎င်းတို့၏ အွန်လိုင်း ရှာဖွေရေး ဈေးကွက်ကို ဆက်လက်ပြီး စိုးမိုးထားနိုင်မှုနှင့်အတူ Android မိုဘိုင်း ပလက်ဖောင်းကလည်း ဆက်လက် ကြီးထွားလာခြင်းကြောင့် ကုမ္ပဏီ ရှယ်ယာများမှ ယခုနှစ် အတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။ Apple ၏ စမတ်ဖုန်း ပြိုင်ဘက်ဖြစ်သည့် Google မှာ ၎င်းတို့၏ Andriod စနစ်ဖြင့် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်၏ ၆၈ ရာနှုန်းကို စိုးမိုးထားကာ ယခုလို စတော့ ရှယ်ယာဈေးများ စံချိန်တင် မြင့်တက် လာမှုမှာ ၎င်းတို့၏ ၁၄ နှစ်မြောက် စတင် ထူထောင်သည့် နေ့ရက် မတိုင်မီ အနည်းငယ်သာ လိုသည့် အချိန်တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
source : CNN
MRTV-4
No comments:
Post a Comment