Tuesday 25 September 2012

ဒေါ်စုသည် အမေရိကန် ဆုတံဆိပ်နှင့် မထိုက်တန်​ဟု ဘင်္ဂလီတစ်ဦးက ကန့်ကွက်

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သမိုင်းဝင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် အမေရိကန်ပြည်ထောင်စု Congress က ပေးအပ်သော အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်သည့် Congressional Gold Medal ဆုအား လက်ခံရယူပြီး သကာလ၊ အဖွဲ့အစည်းအသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည်အား
အခြားသော ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်နေချိန်တွင် ဒေါက်တာ Habib Siddiqui အမည်ရသည့် ပုဂ္ဂိုလ်က ဒေါ်စုသည် ထိုဆုတံဆိပ်များနှင့် ထိုက်တန်မှုမရှိဟု ဆိုကာ လွှတ်တော် အမတ်များထံသို့ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာ Habib Siddiqui ၏ ကန့်ကွက်စာတွင် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည်ထောင်စု၏ အမြင့်မား ဆုံးသော ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်သည့်အတွက် အလွန် အံ့အားသင့်မိကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုနောက်ဆုံး ဖြစ်ပွားခဲ့ သည့် ဘင်္ဂလီ (ဒေါက်တာ Siddiqui စာ အရဆိုသော် ရိုဟင်ဂျာ) ပဋိပက္ခများအကြား သူ (ဒေါ်စုကို ရည်ညွှန်း) ၏ နှုတ်ဆိတ်နေမှု သည် ထိုဆုတံဆိပ်များနှင့် ထိုက်တန်မှုမရှိသည်ကို သက်သေထူနေသည့်အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို လေးလေး နက်နက်လုပ်ဆောင်သူ တစ်ဦးမဟုတ်ကြောင်း၊ ဒေါ်စုသည် လူမျိုးရေးဝါဒီတစ်ဦး ဖြစ်သည့်အပြင် တစ်ယူသန် ဗုဒ္ဓ၀ါဒီ တစ်ဦးလည်းဖြစ် သည်ဟု ရေးသား စွပ်စွဲထားသည်ကို တွေ့ရှိရသည်။

ထို့အပြင် ထိုပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်သည် အစွန်းရောက် အမျိုးသားရေးဝါဒီ တစ်ဦးဖြစ်ပြီး၊ လက်ရှိ အာဏာရ အစိုးရ က စေလွှတ်လိုက်သူ တစ်ဦးသာဖြစ်ကြောင်း၊ ထိုဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခြင်းသည် ၀က်လည်ပင်းတွင် ပုလဲပုတီးကုံး စွပ်ပေး သကဲ့သို့ ရယ်ရွင်ဖွယ်ဖြစ်နေကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။ ဆက်လက်ပြီး ယင်းက ဘင်္ဂလီများသည် ရှေးပဝေသဏီ ကတည်းက ရခိုင်မြေပေါ်တွင် အခြေချနေထိုင်ခဲ့သည့် လူမျိုးစုတစ်ခု ဖြစ်ခဲ့သော်လည်း၊ ၁၉၆၂ ခုနှစ်ကတည်းက ယင်းလူမျိုးစုများ သည် ရခိုင်မြေပေါ်မှ မောင်းထုတ်ခြင်းခံနေရသည်ဟု ဆိုသည်။

၎င်းအပြင် ထိုပုဂ္ဂိုလ်က မြန်မာနိုင်ငံအား အမေရိကန်ပြည်ထောင်စု ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်း မပြု သင့်ကြောင်း၊ မြန်မာနိုင်ငံသည် ထိုသို့ ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခြင်းငှာ ထိုက်တန်သည့် နိုင်ငံမဟုတ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့်လည်း ဒေါ်စုနှင့် လက်ရှိ အာဏာရ အစိုးရတို့၏ လုပ်ကြံဇာတ်လမ်းအတွင်း သက်ဆင်းသွားရမည်မှာ စဉ်းစား ဉာဏ်မဲ့သည့် လုံးဝဥဿုံ မိုက်မဲမှုပင်ဖြစ်လိမ့်မည် ဖြစ်ကြောင်း ရေးသားထားသည်။

ဒေါက်တာ Habib Siddiqui သည် စက်တင်ဘာလ ၁ ရက်က ငွေချေးငှားသည့် ကုမ္ပဏီကြီးဖြစ်သည့် VISA ကုမ္ပဏီ၏ ဘုတ်အဖွဲ့ ကို လည်းကောင်း၊ စက်တင်ဘာလ ၁၈ ရက်က ကိုကာကိုလာ ကုမ္ပဏီ၏ ဥက္ကဋ္ဌကိုလည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြု လုပ်ရန် အိတ်ဖွင့်ပေးစာ တစ်စောင်စီ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။

By shwelone.com (ရွှေလုံး)

No comments:

Post a Comment