Tuesday 25 September 2012

လူသားတွေ ဥာဏ်ရည်ဥာဏ်သွေး မနိမ့်လာစေဖို့ မိခင်များ မလိုအပ်ဘဲ ဗိုက်ခွဲ ကလေးမွေးဖွားခြင်း မပြုသင့်ဟုဆို

ယခုခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်ခွဲ ကလေးမွေးဖွားခြင်း များပြားလာနေသည်။ ဗိုက်ခွဲမွေးဖွားခြင်းနှင့် သဘာဝအတိုင်း ကလေး မွေးဖွားခြင်းတို့၏ အကျိုးအပြစ်များကို ဆေးသိပံ္ပပညာရှင်များက
စူးစမ်း လေ့လာ ကြည့်သောအခါ ဗိုက်ခွဲ၍ မွေးဖွားသော ကလေးများထက် သဘာဝ အတိုင်း မွေးဖွားသော ကလေးများက ဥာဏ်ရည်ဥာဏ်သွေး ပို၍သာကြောင်း တွေ့ရှိခဲ့ကြသည်။

သဘာဝအတိုင်း မွေးဖွားလာသော ကလေးများ ကြီးထွားလာချိန်၌ ဖွံ့ဖြိုးမှု အတွက် လိုအပ်သော အသားဓာတ်တစ်မျိုးကို ရရှိထားသဖြင့် ချက်ခြင်း အသုံးပြုရသော မှတ်ဥာဏ်ပိုင်းနှင့် အချိန်ကာလ ကြာရှည် သုံးရသည့် မှတ်ဥာဏ်ပိုင်း နှစ်မျိုးစလုံးတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာသည်ဟု ဆိုသည်။ ခွဲစိတ်၍ ကလေးမွေးဖွားခြင်း ပိုမိုများပြားလာပါက လူသားတို့တွင် ယေဘုယျအားဖြင့် ဥာဏ်ရည်ဥာဏ်သွေး နိမ့်ကျလာမည်ကို စိုးရိမ်ရသည်ဟု ဆေးသိပံ္ပပညာရှင်များက ပြောကြားသည်။

ရင်သွေးများကို သဘာဝအတိုင်း မွေးဖွားခြင်းဖြင့် ရင်သွေး၌ နျူယွန်ဓာတ် ပါရှိသော UCP2 အသားဓာတ်များ တိုးပွားမှု ပိုမြန်ဆန်စေသည်ဟု သိပ်ပံ္ပပညာရှင်များက ပြောကြားသည်။ မွေးဖွားစဉ် UCP2 ဓာတ်ပါရှိ လာခြင်းနှင့် အရွယ်ရောက်ပြီးချိန်မှ ဓာတုဗေဒအရ UCP2 ကို ပွားများ ယူခြင်းတို့သည် တူညီမှုမရှိကြောင်း လူသားများတွင် သိသာ ထင်ရှားစွာ တွေ့ရှိရသည်ဟုလည်း အဆိုပါ ပညာရှင်များက အွန်လိုင်း ဆေးပညာ ဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။ ယခုအခါ အမျိုးသမီး များသည် မိမိတို့ အလှမပျက်ရေးကို ဦးစားပေး၍ ဗိုက်ခွဲ ကလေးမွေးဖွားသူ များပြားလာသည်။


By Royal Hero Media

1 comment:

  1. ထိုင်းနိုင်ငံရောက်ရွှေ့ ပြောင်းအလုပ်သမားတွေကတော့မခွဲခြင်းဘူလို့ ပြောလည်း မရပါဘူးဆရာဝန်တွေကအတင်းပဲခွဲမွေးခိုင်းတယ်။မြန်မြန်နဲ့ ပိုက်ဆံများများရလို့  ဘယ်လိုလုပ်ရမလဲကူညီပေးကြပါအုံး။

    ReplyDelete