Tuesday 25 September 2012

ဆီးရီးယား နိုင်ငံ အတွင်းရှိ နယ်မြေ ဒေသ အများစုကို အတိုက် အခံ အဖွဲ့က ထိန်းချုပ်ထား

(ဒမတ်စကပ်စ် စက်တင်ဘာ ၂၄)

ဆီးရီးယား နိုင်ငံ အတွင်းရှိ နယ်မြေ ဒေသ အများစုကို အတိုက်အခံ အဖွဲ့များက ယခု အခါတွင် ထိန်းချုပ်ထား နိုင်ပြီ ဖြစ်ကြောင်း
၎င်းအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြား ခဲ့သည်။

ဆီးရီးယား အတိုက်အခံ အဖွဲ့ဝင် များသည် တူရကီ နိုင်ငံ အတွင်းရှိ ၄င်းတို့၏ ဌာနချုပ်ကို ဆီးရီးယား နိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် အထက် ပါကြေညာချက် များကို ထုတ်ပြန်ပြော ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အတိုက် အခံတပ်ဖွဲ့ များသည် နိုင်ငံ မြောက်ပိုင်းတွင် နေ့စဉ် တွေ့ဆုံ ဆွေးနွေး လျက်ရှိပြီး ၄င်းတို့ အနေဖြင့် နိုင်ငံ အတွင်းရှိ ဒေသအတော် များများ၌ လွတ်လပ်စွာ လှုပ်ရှား နိုင်ပြီဖြစ် ကြောင်း အတိုက်အခံ တပ်ဖွဲ့မှဗိုလ်မှူးကြီး အာမက် အဗ္ဗဒယ်ဝါ ဟပ်က ပြောကြား ခဲ့သည်။

ထို့အပြင် ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားနေသော အရေး ကိစ္စများနှင့် စပ်လျဉ်း၍လည်း ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းနှင့် ကုလ-အာရပ် အဖွဲ့ချုပ်မှ ငြိမ်းချမ်းရေး ဆိုင်ရာအထူး သံတမန် လက်ခ်ဒါ ဘရာဟီ မီတို့ နှစ်ဦး သည်စက်တင်ဘာ၂၂ ရက်က ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

News from : မြ၀တီ
Post by အေးချမ်းမွန်

By Aye Chan Mon

No comments:

Post a Comment