Tuesday 25 September 2012

လေဖြတ် ဝေဒနာသည် အတွက် ပထမ ၃နာရီ အရေးကြီး


25 SEPTEMBER 2012 | BY HEALTH DIGEST

လေဖြတ်ခြင်း(Stroke) ကို ကုသရာမှာ အကြီးမားဆုံး အတား အဆီးကတော့ ကုသဖို အတွက် အချိန် တိုတောင်းခြင်း (A Brief
Window Period for Treatment) ပဲ ဖြစ်ပါ လိမ့်မယ်။ ဒီအချိန်လေးက လေဖြတ် ခြင်း စတင်ဖြစ်ပေါ်တဲ့အချိန်မှစပြီး ၃ နာရီအတွင်းပဲဖြစ်တယ်။ ယင်းအချိန် က လွန်သွားရင် ပိတ်ဆို့သွားခဲ့တဲ့ သွေးကြောကို ပြန်ဖွင့်ဖို့က မဖြစ်နိုင် သလောက်ပါပဲ။ ဒါ့အပြင် ထိခိုက်မိတဲ့ ဦးနှောက်တစ်သျှူးအများစုက သေ သွားမှာဖြစ်တယ်။
ဒါကြောင့် မြန်မြန်ကုသနိုင်ဖို့အ တွက် လေဖြတ်ဝေဒနာရဲ့ ရောဂါ လက္ခဏာများကို သိရှိထားရပါမယ်။ ဒါနှင့် ပတ်သက် ပြီး"FAST" ဆိုတဲ့ အတိုကောက် စာလုံးကို မှတ်သားဖို့ လိုပါလိမ့်မယ်။ F ဆိုတာက Facial Weakness or Asymmetry (မျက်နှာမှာ အား မရှိတာ၊ ဒါမှမဟုတ် ပုံပျက်တာ၊ တစ်ဖက်နဲ့ တစ်ဖက်မညီတာကို) ဆို လိုတယ်။
A ကတော့arm weak လက်မောင်း အားမရှိတာ ဖြစ်တယ်။ှS က Speech Difficulties (စကား ပြောရတာ မကောင်းတာ။ အခက် အခဲရှိတာ) ဖြစ်တယ်။ T ကတော့ Time to Take Action ဆောင်ရွက်ချိန်) ကို ရည်ညွှန်းတာ ဖြစ်တယ်။ လူတစ်ယောက်က ဒီရောဂါ လက္ခဏာ ၃ မျိုးထဲက အနည်းဆုံး တစ်မျိုးရှိနေတယ်ဆိုရင် အဲဒီလူကို အရေးကြီးတဲ့ ပထမ ၃ နာရီ၊ အတွင်း အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ပေးရ မှာဖြစ်တယ်။
ဦးလှမြင့် (ဂန္ဓမာ)

News from : HEALTH DIGEST
Post by အေးချမ်းမွန်

By Aye Chan Mon

No comments:

Post a Comment