Tuesday 25 September 2012

ရခိုင်အရေး ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ အသုံး မသုံးရန် RNDP သတိပေး

ရခိုင်အရေး ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ အသုံး မသုံးရန် RNDP သတိပေး

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတိုင်းရင်းသား မရှိကြောင်း နိုင်ငံတော်က တရားဝင် ထုတ်ပြန်ထားသဖြင့် ရိုဟင်ဂျာ
တိုင်းရင်းသားဟု ခေါ်ဝေါ်သုံးနှုန်း မပြုလုပ်ရန် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က သတိပေးပြောကြားလိုက်သည်။

နေပြည်တော်တွင် မနေ့က ကျင်းပသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ တိုင်းရင်းသားဟု သုံးနှုန်းဆွေးနွေးမည့် အဆိုက ၄င်းက ယင်းသို့ ကန့်ကွက် သတိပေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဒေါ်အေးနုစိန်၏ ဆွေးနွေးချက်အား ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေစိုက် အမျိုးသားဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးစောလွင် ခေါ် ဦးစလင်း (ဘင်္ဂါလီ လူမျိုး) က ရခိုင်ကိုယ်စားလှယ်များဆွေးနွေးချက်ကို ကန့်ကွက်ကြောင်း တိုင်းရင်းသားဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

By Rakhine Citizen Journalists

No comments:

Post a Comment