Tuesday 25 September 2012

ရခိုင်ဒေသ လူထုအစည်းအဝေး လူပေါင်း သုံးထောင်ကျော်တက်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခများ ဖြေရှင်းရေးနှင့် ပတ်သက်၍ ပြုလုပ်သော ရခိုင်ဒေသ လူထု အစည်းအဝေးကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်းတွင် ယနေ့ ကျင်းပ ပြုလုပ်သော ရခိုင်ဒေသ လူထု အစည်းအဝေးကို
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ဒေသခံ များ အပါအ၀င် လူပေါင်း ၃၀၀၀ ကျော်တက်ရောက်ခဲ့ပြီး စာတမ်း ၂၀ ကျော် ဖတ်ကြားခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုကိုမောင်က ပြောကြားသည်။

ယင်း အစည်းအဝေးတွင် လူမှုရေး အဖွဲ့အစည်းများ ၊ နိုင်ငံရေး အဖွဲ့အစည်းများ ၊ ရဟန်းသံဃာတော်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိကြုံတွေ့နေရသော အကြပ်အတည်းများ ရခိုင်တစ်မျိုးသားလုံး၏ အနာဂါတ်အရေး ၊ ငြိမ်းချမ်းစွာနေ ထိုင်နိုင်ရေးနှင့် လက်ရှိဖြစ်ပွါးနေသာ ပြသာနာများကို ဖြေရှင်းရန် နည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးမှ ရရှိသော အဖြေများ၊ ဆွေးနွေးချက်များ၊ စာတမ်းများကို ရခိုင်ပြည်နယ်တွင်ဖြစ်ပွါးနေသော ပြသာနာများ အမှန်တိုင်း ဖော်ထုတ်နိုင်ရေးတွင် အထောက်ကူဖြစ်စေရန် နိုင်ငံတော် သမ္မတနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကို ပေးပို့သွားမည်ဖြစ်သည်။

ဓါတ်ပုံ - ရခိုင်ဒေသ လူထု အစည်းအဝေး ကျင်းပရေး ကော်မတီ

By Rakhine Citizen Journalists

No comments:

Post a Comment