
မြန်မာအသင်းနှင့်ဗီယက်နမ် အသင်းတို့သည် သာမန်ပွဲကစားချိန် မိနစ် ၉၀၊ အချိန်ပို မိနစ် ၃၀ တို့တွင် ဂိုးမရှိ သရေကျနေသောကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် ဗီယက်နမ်အသင်းမှ ၄ ဂိုးစလုံး ဂိုးဝင်ခဲ့ပြီး မြန်မာအသင်းမှ မြင့်မြင့်အေး၊ ဖူးပွင့်ခိုင်နှင့် နီလာမြင့်တို့ ဂိုးဝင်ခဲ့သော်လည်း ခင်မိုးဝေနှင့် ခင်မာလာထွန်းတို့၏ နောက်ဆုံး ပယ်နယ်တီများ လွဲချော်ခဲ့သောကြောင့် မြန်မာအသင်း ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းမှာ ဗီယက်နမ်အသင်းကို ခြေရည်တူကစားနိုင်ခဲ့ပြီး အုပ်စုပွဲမှ ရှုံးကြွေးဆပ်ရန် ကြိုးစားခဲ့သော်လည်း ပယ်နယ်တီဖြင့် ထပ်မံရှုံးနိမ့်ခဲ့ရခြင်းလည်း ဖြစ်သည်။ တတိယနေရာလုပွဲတွင် ထိုင်းအသင်းက လာအိုအသင်းကို ၁၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တတိယ နေရာ ရရှိသွားသည်။
ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဗီယက်နမ်အသင်းသည် ဒုတိယအ ကြိမ်မြောက်ချန်ပီယံဆုရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းဖြစ်သော မြန်မာအသင်း၏ စံချိန်နှင့် တူညီသွားခဲ့သည်။ မြန်မာအသင်းမှာ မူ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့သော်လည်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။ မြန်မာအသင်းသည် တတိယအကြိမ်မြောက် ဗိုလ်စွဲရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ပြိုင်ပွဲ စတင်ကျင်းပသည့် ၂၀၀၄ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် အိမ်ရှင် ဗီယက်နမ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သော်လည်း ယခုအကြိမ်တွင်မူ အိမ်ရှင်ဗီယက်နမ်အသင်းကို ပယ်နယ်တီဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည်။
ပြိုင်ပွဲတစ်လျှောက် ဗိုလ်စွဲထားမှုများ | ||
---|---|---|
ခုနှစ် | ချန်ပီယ | ဒုတိယ |
၂၀၀၄ | မြန်မာ | ဗီယက်နမ် |
၂၀၀၆ | ဗီယက်နမ် | တရုတ်တိုင်ပေ |
၂၀၀၇ | မြန်မာ | ထိုင်း |
၂၀၀၈ | သြစတြေးလျ | ဗီယက်နမ် |
၂၀၁၁ | ထိုင်း | မြန်မာ |
၂၀၁၂ | ဗီယက်နမ် | မြန်မာ |
By Eleven Media Group
No comments:
Post a Comment