Sunday 23 September 2012

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား


မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊
အိုးပျဉ်တောင်ကျေးရွာတွင် လက်မ
ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို
စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်း
မှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချ
ထားကြောင်းသတင်း ရရှိသည်။

" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို
ကျွဲကျောင်းသား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။ ရွာသားတွေက
 လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီး
 စောင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။

 ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ
ထွက်ပြေးသွားတယ်။

သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။ စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။ " ဟု ရွာသားတစ်ဦး
က ပြောသည်။

အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာ
အုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့ အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင်
အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်း
သတင်း ရရှိသည်။

 အသေးစိတ်ကို ကျနော်တို့ အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါသည်။

Arakan Times

ရွှေမြန်မာ

No comments:

Post a Comment