Sunday 23 September 2012

တရုတ်အစိုးရမှ ဆန်ကာကူ ကျွန်းစုအနီး ကင်းလှည့် လှုပ်ရှားမှုကို တိုးမြှင့်မည်


တရုတ်အစိုးရဟာ အရှေ့တရုတ် ပင်လယ်အတွင်းက ကင်းလှည့် စစ်ဆေးမှု တွေကို တိုးမြှင့်တော့မှာ ဖြစ်ပါတယ်။ တရုတ်ရေကြောင်း အာဏာပိုင်တစ်ဦးရဲ့ ပြောကြားချက်အရ တရ

ုတ် အစိုးရဟာ အရှေ့တရုတ် ပင်လယ်အတွင်းက အငြင်းပွားနေဆဲ ကျွန်းတွေဖြစ်တဲ့ ဆန်ကာကူ ကျွန်းတွေအနီးမှာ တရုတ် ကင်းလှည့်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို ပိုမို အားဖြည့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ အဆိုပါ ကျွန်းစုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ၎င်းတို့ရဲ့ ရေကြောငိးုင်ဆိုင်မှုကို ကာကွယ်တာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ တရုတ်အစိုးရဟာ အဆိုပါ ပိုင်နက် အငြင်းပွားမှု အပေါ် သံတမန်နည်းအရ ဖြေရှင်းမှုကိုလည်း အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအငြင်းပွားနေတဲ့ ကျွန်းစုကို ဂျပန်အစိုးရရဲ့ ၀ယ်ယူမှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ထိပါးစေတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောကြား ခဲ့ကြောင်း သိရပါတယ်။

Reference and Credit to -မြန်မာ့ရေတပ်မတော်
Posted By Admin Team[NOM]

By News of Myanmar

No comments:

Post a Comment