Sunday 23 September 2012

ယီမင်နိုင်ငံသို့ အမေရိကန်မရိန်း တပ်ဖွဲ့များ စေလွှတ်


အေဒင် စက်တင်ဘာ ၂၁

ယီမင်နိုင်ငံ၌ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ဆောင်ရန် အမေရိကန် မရိန်း တပ်ဖွဲ့ဝင် ၃ဝ ဦး သည် နိုင်ငံ တောင်ပိုင်း လာ့ဂ်ျဒေသသို့ စက်တင်ဘာ ၂ဝ ရက်က ရောက်ရှိ ခဲ့ကြောင်း သိရသည်။

၎င်းတပ်ဖွဲ့ဝင် များသည် အယ်လ်-အန်နက် လေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိခဲ့ပြီး ယီမင် တပ်ဖွဲ့ များနှင့် အတူ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မရိန်းတပ်ဖွဲ့ဝင် များသည် ဆာနာမြို့ရှိ အမေရိကန် သံရုံး ဝန်ထမ်းများ၏ လုံခြုံရေးပါ တာဝန်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။ ယီမင် နိုင်ငံရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သော်လည်း သံရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

မြဝတီ

No comments:

Post a Comment