Sunday 23 September 2012

အိုင်အေအီးအေက မြောက်ကိုရီးယားအား နျူအရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း


ဘရပ်ဆဲလ် စက်တင်ဘာ ၂၂
နိုင်ငံတကာ အဏုမြူစွမ်းအေဂျင်စီ (အိုင်အေအီးအေ) က မြောက်ကိုရီးယား သည် နျူကလီးယား အရေးဆွေးနွေးရန်
အိုင်အေအီးအေနှင့် ပူးပေါင်း ဆောင်ရွက် သင့်သည်ဟု တိုက်တွန်းပြောကြား လိုက်သည်ဟု ဆင်ဟွာ သတင်း၌ ဖော်ပြသည်။

အိုင်အေအီးအေ၏ အထွေထွေညီလာခံတွင် အဆိုပါမူအား ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၃ ခုနှစ်တွင် မြောက်ကိုရီးယားသည် နျူကလီးယားဆိုင်ရာ လက်နက်တိုးမြှင့်ခြင်း မပြုလုပ်ရသည့် စာချုပ်တွင် ပါဝင်ခြင်း မရှိဘဲ အိုင်အေအီးအေနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့သည်။

အမေရိကန် ဦးဆောင်သည့် အဖွဲ့ဝင် ခြောက်နိုင်ငံကလည်း မြောက် ကိုရီးယားအား နျူကလီးယား ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး မြောက်ကိုရီးယားသည် နိုင်ငံအတွင်း နျူကလီးယား နှစ်ကြိမ် စမ်းသပ်ခဲ့ကြောင်း သိရသည်။

By Royal Hero Media

No comments:

Post a Comment