Sunday 23 September 2012

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့


မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်း
တိုက်တွင်ကျူးကျော်သူများအား ယနေ့
နေ့လည်က သွားရောက်တွေ့ဆုံဆွေးနွေး
ခဲ့သည့် မန်းမြို့တော်ဝန်ကိုကျူးကျော်

တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့်အဆိုပါကျောင်းတိုက်တွင်
၁နာရီခွဲကြာပိတ်မိနေခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများဝင်ရောက်ဖြေရှင်းပေးခဲ့မှုကြောင့်ညနေ၃နာရီအချိန်မှ
အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ှကျူးကျော်သူများပြောင်းရွေ့ပေးရန်တွေ့ဆုံမှူတွင်ကျူးကျော်နေထိုင်သူများမှ
ဖယ်မပေးနိုင်ကြောင်း၊မိမိတို့သည်ဝယ်ယူနေထိုင်သူများဖြစ်ပြဲီးကျူးကျော်နေထိုင်
သူများမဟုတ်ကြောင်း၊နေစရာလည်းမရှိကြောင်းဖယ်ရှာပေးစေလိုပါက
နေစရာအရင်ပေးရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။

မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်
သေးကြောင်း၊ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များ
ကိုကြည့်ပြီးရောင်းချသူများကိုတရားစွဲရန်နှင့်တရားစွဲလျှင်လည်းလက်ခံဆောင်

ရွက်ပေးသွားမည်ဖြစ်ပြီးသတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်
အတွက်ကျူးကျော်ရပ်ကွက်တွင်ဝယ်ယူနေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော်
ဝန်ဦးအောင်မောင်းအားဝိုင်းဝန်းပိတ်ဆို့ ထားခြင်းဖြစ်သည်။





Popular News

ရွှေမြန်မာ

No comments:

Post a Comment