Saturday 22 September 2012

ကားစလစ် ဈေးနှုန်းများမှာ ကျပ်သိန်း ၉၀ ကျော်အထိ မြင့်တက်လာ


ဗ အက္ခရာ အိုဟောင်း ယာဉ်များကို သက်ဆိုင်ရာမှ အပ်နှံမှုများ လက်ခံပြီး နောက်ပိုင်းမှာ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ် သိန်း ၉၀ ကျော်ထိ မြင့်တက် လာခဲ့တယ်လို့ ဟံသာဝတီ ကားပွဲစားဝန်း
အတွင်ရှိ ကားဝယ်ရောင်း အကျိုးတော်ဆောင်များ ထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်း အိုဟောင်း ကားများ အပ်နှံတဲ့ ကားစလစ် ဈေးနှုန်းများဟာ ငွေကျပ်သိန်း ၇၀ ကျော် သာရှိပြီး ယခု ရက်ပိုင်းမှာ ဈေနှုန်းများ စတင် မြင့်တက် လာတာ ဖြစ်ပါတယ်။

ယခုလို ကားစလစ် ဈေးနှုန်းတွေ မြင့်တက် လာတဲ့ အတွက် ကားဈေးနှုန်း များဟာလည်း အနည်းငယ် မြင့်တက် လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို အောက်ကား ဈေးနှုန်းများ မြင့်တက် လာပေမယ့်လည်း ဈေးကွက် အတွင်းမှာ အမြင့်ကားတွေ ဖြစ်တဲ့ ပရာဒို၊ လန်ခရူဇာ၊ Rap- 4 ၊ ပရိုပေါက်၊ အစရှိတဲ့ ကားများမှာလည်း အ၀ယ်များလျက် ရှိတယ်လို့ သိရပါတယ်။ အမြင့်ကား ဈေးနှုန်းတွေ ကတော့ ပရာဒိုကားများဟာ ငွေကျပ် သိန်း ၄၀၀ ကျော်၊ လန်ခရူဇာကား များဟာ သိန်း ၃၀၀ ကျော်၊ Rap- 4 ကားများဟာ ငွေကျပ်သိန်း ၂၆၀ မှ ၂၇၀ ၀န်းကျင် အထိရှိပြီး ပရိုပေါက်ကား များကတော့ ငွေကျပ် သိန်း ၁၄၀ ခန့်နဲ့ AD ဘမ်ကား ကတော့ သိန်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်ကား ၀ယ်ရောင်း အကျိုးတော်ဆောင် တစ်ဦးရဲ့ ပြောကြားချက် အရ ကားဝယ်တဲ့ သူတွေဟာ ကားများ ၀ယ်ယူပါက ကားဝယ်ရောင်း ဈေးကွက်က ကားတွေထက် Showroom တွေမှာ ရောင်းချတဲ့ ကားတွေကို ပိုမိုဝယ်ယူမှုများ များပြားတယ် လို့လည်းသိရပါတယ်။

Reference and Credit to -MRTV-4
Posted By Admin Team[NOM]

By News of Myanmar

No comments:

Post a Comment