Saturday 22 September 2012

သင့်နှလုံး ကျန်းမာရေးအတွက် စူပါ မားကက်ထဲတွင် ဝယ်သင့်သော ပစ္စည်းများ


သင့်နှလုံးကျန်းမာရေးအတွက် စူပါမားကက် ထဲတွင် ဝယ်သင့်သော ပစ္စည်းများနှလုံး ကျန်းမာရေးနဲ့ နှလုံးကို အထောက်အကူ ဖြစ်စေမယ့် အစား အသောက် တွေကို ဈေးဝယ် ထွက်ရင်း ဝယ်ယူနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
အိုမီဂါပါဝင်တဲ့ ပေါင်မုန့်

အိုမီဂါသရီး ၅၀ ဂရမ်လောက် ပါဝင်ပြီး၊ ကောက်နှံတွေ ၂၀ ဂရမ် ပါဝင်တဲ့ ပေါင်မုန့်အချပ်မျိုးတွေကို ရွေးချယ်တာဟာ သင့်နှလုံးကျန်း
မာရေးအတွက် ကောင်းမွန်ပါတယ်။ အဖြူရောင်ပေါင်မုန့်တွေမှာက ကောက်နှံနဲ့ အိုမီဂါသရီးက ၀ ဒသမ ၄ ဂရမ်လောက်သာ ပါဝင်တတ်ပါတယ်။
အာမခံတဲ့ ကုန်ပစ္စည်းဖြစ်ပါစေ
ဒိန်ချဉ်နဲ့ နို့ထွက်ပစ္စည်းတွေကို အဆီထုတ်ထားပြီးသားဖြစ်ကြောင်း အာမခံထားပြီး သက်ဆိုင်ရာက ခွင့်ပြုချက်ရထားပြီးဖြစ်တဲ့ အရာတွေကိုသာ ရွေးချယ်ဝယ်ယူပါ။ နေ့စဉ် သင်စားနေကျ အစားအစာအပြင် ဒိန်ချဉ် အနည်းငယ် မှီဝဲပေးပါ။
ဆီးသီးခြောက်စားပါ
ဆီးသီးခြောက် တစ်လုံးမှာ အမျှင်ဓာတ် သုံးဂရမ်၊ ပရိုတင်း တစ်ဂရမ်နဲ့ ၁၀၀ ကယ်လိုရီ ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အင်တီအောက်စီဒင့်တွေ ပါဝင်ပါတယ်။ အချိုလွန်ကဲမှု မရှိစေဖို့တော့ ဂရုစိုက်ပါ။
ချောကလက် ကွတ်ကီးချောင်းများ
ချောကလက်ကို ကွတ်ကီးနဲ့ ပြုလုပ်ထားတဲ့ မုန့်ချောင်းလေးတွေပါ။ ဗာဒံစေ့ကို အခြေခံပြုလုပ်ထားတဲ့ ကွတ်ကီးချောင်းမျိုးကို ရွေးပြီး သဘာဝကို အခြေခံပြု လုပ်ထားကြောင်း အညွှန်းမှာ ပါဝင်ပါစေ။ ချောကလက် ကွတ်ကီးချောင်း တစ်ချောင်းမှာ ပရိုတင်း ခြောက်ဂရမ်၊ အမျှင် သုံးဂရမ်နဲ့ မဂ္ဂနီဆီယမ် ၂၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။
ငါးသေတ္တာဘူး
ဆယ်လ်မွန် ငါးသေတ္တာဘူးမျိုးကို ဝယ်ရမှာပါ။ စူပါမားကက်တွေမှာ အလွယ်တကူပစ္စည်းအဖြစ် ဝယ်ယူနိုင်ပြီး နှလုံးကျန်းမာရေး အတွက်လည်း သင့်တော်စေပါတယ်။
ချောကလက်
ကိုကိုး ၇၀ ရာခိုင်နှုန်းလောက် ပါဝင်တဲ့ ချောကလက် တစ်အောင်စလောက်ကို နေ့စဉ် စားသုံးနိုင်ဖို့ ဝယ်ပါ။
အစပ်ပါဝင်သော ဟင်းချက်ပစ္စည်း
ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ မဆလာမှုန့်တွေက သင့်နှလုံးကျန်းမာရေးအတွက် နေ့စဉ် ချက်စားသင့်တဲ့ ဟင်းခတ်ပစ္စည်းတွေ အနေနဲ့ သုံးဖို့ ဝယ်သင့်ပါတယ်။
ပြောင်းဖူးပေါက်ပေါက်
သရေစာအဖြစ်စားဖို့ ပြောင်းဖူးပေါက်ပေါက်ကို ဝယ်မယ်ဆိုရင် ၉၄ ရာခိုင်နှုန်းလောက် အဆီထုတ်ထားတဲ့ မိုက်ခရိုဝေ့ဖ်ထဲမှာ ဖောက်ရတဲ့ ပေါက်ပေါက်မျိုးကို ဝယ်ပါ။
အနီရောင် ဝိုင်ပုလင်း
အနီရောင်ဝိုင်ကို နေ့စဉ် ခွက်တစ်ခွက်စာလောက် မှီဝဲပေးတာက နှလုံးသွေး လည်ပတ်မှုကို ကောင်းစေပါတယ်။
အနက်ရောင် လက်ဖက်ရည်
အနက်ရောင် လက်ဖက်ရည်ထုတ်လေးတွေကို နေ့လယ်ပိုင်းမှာ သောက်ပေးတာဟာ တခြားလက်ဖက်ရည် ကော်ဖီတွေ သောက်တာထက် ပိုပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
သွားတိုက်ဆေး
သွားနဲ့ခံတွင်းရောဂါတွေက နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို လေ့လာမှုတွေအရ တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် နှလုံးရောဂါ အခြေအနေက ဆေးလိပ်သောက်တာ၊ သွေးဖိအားမြင့်တာ၊ ကိုလက်စထရောမြင့်တာ၊ မျိုးရိုးဗီဇနဲ့ အသက်အရွယ်တွေနဲ့လည်း သက်ဆိုင် နေပါတယ်။ ဒါကြောင့် ပုံမှန် သွားတိုက်တာနဲ့ ခံတွင်းသန့်ရှင်းရေး ပြုလုပ်ပေးပြီး သွားနဲ့ခံတွင်းဆိုင်ရာ ရောဂါတွေ ကင်းဝေးပါစေ။
ဟင်းချက်နည်း စာအုပ်နှင့် ဟာသခွေများ
မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံဟာ နှလုံးကျန်းမာရေးကို အများကြီး အထောက်အကူပြုတဲ့အပြင် ဖိစီးမှုတွေကိုလည်း ပြေပျောက်စေနိုင်တာကြောင့်ပါ။

By ရိုးရာလေး

No comments:

Post a Comment