Sunday 12 August 2012

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ဆန္ဒပြပွဲ လူနှစ်ဦး သေဆုံး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ အာသံပြည်
နယ်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြား
 ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ
မွန်ဘိုင်းမြို့မှာ ဆန္ဒပြပွဲ ကျင်းပခဲ့ရာမှာ အကြမ်းဖက်မှုတွေ
 ပေါ်ပေါက်ခဲ့တဲ့အတွက်


အနည်းဆုံး လူနှစ်ယောက် သေဆုံးပြီး (၅၀) နီးပါး ဒဏ်ရာရခဲ့ ကြပါတယ်။
အစ္စလာမ်အဖွဲ့တွေ အများဆုံးပါဝင်တဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက မွန်ဘိုင်းမြို့တောင်ပိုင်း Azad Maidan ကွင်းထဲမှာ စုရုံးခဲ့ကြပြီး မူဆလင်တွေ ဖိနှိပ်ခံနေရကြောင်း ရှုတ်ချကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တဲ့ ဆန္ဒပြပွဲဟာ ရုတ်တရက် ချက်ခြင်း အကြမ်းဖက်ပွဲအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း ဘာကြောင့်အဲသလို ပြောင်း
လဲသွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ဆန္ဒပြသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ရုပ်သံသတင်းဌာနတွေက ကားသုံးစီး မီးရှို့ခံခဲ့ရပြီး ရဲကားတချို့နဲ့ ဘတ်စ်ကားတွေရဲ့ လေကာရှေ့မှန်တွေ ကွဲအက်ပျက်စီးခဲ့ကြောင်း၊ လူနှစ်ယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် (၃၆) ယောက်အပါအ၀င်စုစုပေါင်း၄၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာနက ပြောပါတယ်။



အကြမ်းဖက်မှုတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ နံပါတ်တုတ်တွေ သုံးစွဲပြီး ဖြိုခွဲခဲ့ရပါတယ်။ အခုအခါ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး တခြားနေရာတွေကို ကူးစက်မသွားအောင် မွန်ဘိုင်းမြို့မှာ လုံခြုံရေးအဖွဲ့တွေ တိုးမြှင့်ချထားပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကို စုံစမ်းနေကြောင်းလည်း
ရဲက ပြောပါတယ်။

RFA (မြန်မာပိုင်း)
 
ရွှေမြန်မာ

No comments:

Post a Comment