
သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရန်ကုန်တိုင်း
ဒဂုံမြို့သစ် အရှေ့မြို့နယ်အတွင်းမှာရှိတဲ့ ရှမ်းတဲ
ကြီးကျေးရွာမှာရေကြီး ရေလျှံ မှုတွေဖြစ်နေလို့ ရွာ
အတွင်းရှိတဲ့ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းခွဲကို ပိတ်ထားခဲ့ရတာ ရက် ၂၀
ကျော်သွားပြီလို့ သိရပါတယ်။
ရှမ်းတဲကြီးကျေးရွာမှာ နှစ်စဉ် ရေကြီး ရေလျှံမှုတွေ ရှိခဲ့တယ် ဆိုပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်ကစလို့ ရှမ်းတဲကြီး ချောင်းအတွင်း ဒိုက်တွေ၊ မှော်တွေ ပိတ်လာတဲ့အပြင် ငါးမွေးကန်တွေက
ရေလွှဲမြောင်းတွေကို မြေဖို့တာတွေ ပြုလုပ်ခဲ့လို့ ရေကြီးလာမှုတွေ ဆိုးရွားလာတာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment