Sunday, 12 August 2012

ဘယ်လိုရှင်းကြမလဲ


ရခိုင်ပြည်နယ်အတွင်းမှာ ဒီသီတင်းပတ်တွေ
အတွင်း တွေ့မြင်ကြားသိနေရတဲ့ အရေးအခင်း
ကတော့ တကယ်ပဲ ရင်နာစရာကောင်းလွန်း
လှပါတယ်။


ကမ္ဘာပေါ်မှာ ဖြစ်ပွါးခဲ့ရတဲ့ အရေးအခင်းတိုင်းမှာ ဖြစ်ပေါ်ရခြင်း အကြောင်းရင်း ရှိပါတယ်။ လတ်တလော အကြောင်းရင်းနဲ့ ကာလကြာမြင့်စွာ ကပင်တစ်စိမ့်စိမ့် ဖြစ်ပေါ်နေခဲ့တဲ့ အကြောင်းရင်းလို့ ခွဲခြားသုံးသပ် ကြပါတယ်။

အခုဖြစ်ပွါးလာခဲ့တဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းကို သတင်းမီဒီယာတွေကတော့ ကျောက်နီမော် ပြဿနာကြောင့်လို့ ဖေါ်ပြ၊ ထုတ်လွှင့်နေကြပါတယ်။ ကျနော့် အမြင်ကတော့ ဒါဟာ တကယ့်အရင်းခံ ပြဿနာမဟုတ်ဘူးလို့ မြင်ပါတယ်။

ကျောက်နီမော် ပြဿနာဆိုတာ လတ်တလော အကြောင်းရင်းလို့ပဲ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောက်နီမော် ပြဿနာမဖြစ်ခဲ့ရင်လည်း ဒီအရေးအခင်းက ဖြစ်လာမှာပဲလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းရင်းတွေက ရှိနေပြီးသားဖြစ်လို့ပါ။

မီးစာ(လောင်စာ)လည်းရှိနေတယ်၊ လောင်စာဆီလည်း ရှိနေတယ်၊ မီးတောက်ဖို့အတွက် မီးစတစ်စပဲ လိုတော့တာပါ။ ကျောက်နီမော် ပြဿနာဆိုတာ မီးစလေးတစ်စပါပဲ။ တောင်ကုတ်ပြဿနာဆိုတာ မီးထတောက်ဖို့ စတင်နေတဲ့အခြေအနေပါ။ အဲဒီ မီးစကို လေပင့်ပေးလိုက်တာက (ကုလား-မူစလင်) ဝေါဟာရပြဿနာပါ။

ပထမဆုံးတင်ပြချင်တဲ့ အကြောင်းရင်းကတော့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုဆိုတဲ့ ပြဿနာပါ။ ပညာရှင်တွေရဲ့ တင်ပြချက်တွေ ရှိနေပြီးဖြစ်တော့ ဒီနေရာမှာ သမိုင်းကြောင်းကို မတင်ပြလိုတော့ပါဘူး။

 နိုင်ငံသားမဖြစ်သင့်တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံသားမဖြစ်ကြောင်း၊ ဘာကြောင့် မဖြစ်သင့်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကရော၊ နိုင်ငံတော်အစိုးရ အဆက်ဆက်ကပါ ပြတ်ပြတ်သားသား ဖေါ်ထုတ်ခြင်း မလုပ်ခဲ့ကြလို့ပါပဲ။ နိုင်ငံသား အရည်အချင်းမရှိတဲ့ သူတွေကို နိုင်ငံသားအခွင့်အရေး ပေးထားခဲ့ကြလို့ပါပဲ။ ဒီနေရာမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးမတူဘူး ဆိုတာကို သတိပြုရပါမယ်။

အစဉ်အဆက် နိုင်ငံရေးပါတီတွေက မဲရလိုမှုတစ်ခုတည်းနဲ့ မပေးသင့်တဲ့ အခွင့်အရေးကို ပေးခဲ့တာ၊ ကိုယ်ကျိုးရှာ အကျင့်ပျက်ဝန်ထမ်းတွေ (ကျနော်ကတော့ အကျင့်ယုတ် ၀န်ထမ်းတွေလို့ ပြောချင်ပါတယ်။)
 ရဲ့ငွေကြေး၊ ဥစ္စာပစ္စည်းရလိုမှု တစ်ခုတည်းနှင့် မလုပ်သင့်တာတွေ လုပ်ခဲ့ကြ၊ လုပ်နေကြတာတွေဟာလည်း အကြောင်းရင်း တစ်ခုပါပဲ။ အဲဒါတွေကြောင့်ပဲ နောက်ဆုံးအခုအချိန်မှာ လွှတ်တော်ထဲအထိဝင်ပြီး မတန်မရာတွေ တောင်းဆိုရဲကြတာပါ။ ဒီပြဿနာကို အခုအချိန်မှာ ပြေလည်အောင် ရှင်းလင်းဖို့ အချိန်ကျပြီလို့ တင်ပြချင်ပါတယ်။

သိပ်မကြာသေးတဲ့ကာလ (၂၀၁၁၊စက်တင်ဘာလ)ထဲမှာ ဘင်္ဂလီတွေ (ဒီနေရာမှာ ကျနော်ကတော့ ဘင်္ဂလီလို့မသုံးချင်ပါ။ တခြားမူစလင်မဟုတ်တဲ့ ဘင်္ဂလီတွေနဲ့ ရောထွေးနေမှာစိုးလို့ပါ။ နောက်ပြီး မူစလင်လို့လည်း မသုံးချင်ပါ။

ဘင်္ဂလီမူစလင်၊ မဂိုမူစလင်၊ အာရပ်မူစလင်၊ ... ... စသည်ဖြင့် အခြားမူစလင်တွေနဲ့ လည်းမဆိုင်လို့ပါ။ နောက်ပြီး ကုလားလို့လည်း ပြောလို့မရတော့ပါ။ ဒီတော့ မြန်မာဝေါဟာရမှာ ရှိနေပြီးသား၊ ဒီဒေသမှာရှိတဲ့ ဒီလူမျိုးတွေကို ရည်ညွှန်းသုံးစွဲတဲ့ ခေါ်တောလို့ပဲ ရည်ညွှန်းတင်ပြချင်ပါတယ်။ ခွင့်ပြုနိုင်မယ်ဆိုရင်ပါ။)

အဲဒီ ခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်တော ဒေသမှာ အမိမြေလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါ သေးတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ။

 ဒီနေရာ၊ ဒီဒေသကို သူတို့အပိုင် သိမ်းထားနိုင်ပြီလို့ သူတို့ကြေငြာ လိုက်တာပါပဲ။ ဒီလှုပ်ရှားမှုကို လူတွေ သိပ်မသိလိုက်ပေမယ့် သိပ်မကြာခင် သူတို့တွေ ဒီထက်ပိုပြီး လှုပ်ရှားလာတော့မယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့မိပါတယ်။

သိပ်မကြာခင်မှာပဲ Arakan အမည်ကို သူတို့က အလွဲသုံးစားလုပ်၊ နိုင်ငံတကာမှာ သမိုင်းလိမ်တွေကို ဖေါ်ထုတ်လာကြတဲ့ လှုပ်ရှားမှုတွေပါ။ အခုရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အရေးအခင်းကို ရခိုင်တိုင်းရင်းသားများနှင့် ကျနော်တို့ မူစလင်တိုင်းရင်းသားများလို့ ဗွီအိုအေအင်တာဗျူးတစ်ခုမှာ တင်ပြသွားခဲ့သေးတယ်။

ဒီကိစ္စတွေကို ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ရပါမယ်။ ကုလားဆိုတဲ့ ဝေါဟာရတစ်ခုကို သူတို့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်သလို ကျနော်တို့ကလည်း ခေါ်တောတွေက ဒီလိုမူစလင်တိုင်းရင်းသားလို့ ပြောတာကိုလည်း ကန့်ကွက်ရပါမယ်။

လွှတ်တော်ထဲမှာအထိ အရေးဆိုကြဖို့ ကိုယ်စားလှယ်များကို တောင်းဆိုတင်ပြလိုပါတယ်။ ဒီခေါ်တောတွေဟာ တိုင်းရင်းသားမဟုတ်ကြောင်း၊ နိုင်ငံသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကြေငြာ ပေးဖို့ အားလုံးက ၀ိုင်းဝန်း အရေးဆိုကြဖို့ကိုပါ တင်ပြတောင်းဆို ပါတယ်။

နောက်တစ်ခုက ရိုဟင်ဂျာ ပြဿနာပါ။ နိုင်ငံသားပြဿနာနှင့် ဒီရိုဟင်ဂျာ ပြဿနာဟာ ဆက်စပ်နေတာပါ။ သမိုင်းကြောင်း အချက်အလက်တွေကိုတော့ မတင်ပြလိုတော့ပါဘူး။ ဒီပြဿနာကို ဖြေရှင်းတဲ့အခါ ထည့်သွင်း စဉ်းစားဖို့သင့်တဲ့ အကြောင်းခြင်းရာများကို တင်ပြလိုပါတယ်။

မောင်တောမြို့ အရေးအခင်းမှာ တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီး ခံရတယ်။ တိုင်းရင်းသားတွေ အသက်အိုးအိမ် စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အမှန်တကယ် ဒုက္ခတွေ့ကြုံခဲ့ရတဲ့ သူတွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။

 မောင်တောမြို့မှာ ခေါ်တောတွေရဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့တာမရှိခဲ့ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အမည်ခံတွေကတော့ ခေါ်တောတွေပါပဲ။ ဘင်္ဂလားဒေ့ရှ် အစိုးရက လက်မခံနိုင်လို့ ပြန်နှင်လွှတ်ကြောင်း သတင်းတွေထွက်ပေါ် လာပြန်ပါတယ်။

ဒါနဲ့ တစ်ဆက်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီရက်အတွင်း နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာ သူ့နိုင်ငံက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အမည်ခံ ပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက် လှုပ်ရှားနေကြတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ လက်မခံနိုင်ပါလို့ ထုတ်ပြန်တာကိုလည်း ကြားသိရပါတယ်။

 ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်း အားလုံးက တစ်ညီတည်း၊ တစ်သံတည်း ထွက်လာတာကတော့ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာ မရှိဘူးဆိုတဲ့ အသံပါ။

 လောလောဆယ် ဒီရိုဟင်ဂျာ လှုပ်ရှားမှုတွေ၊ RSO လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ အကာအကွယ်ပေး၊ ကူညီပေးနေတာက UNHCR နှင့် လက်အောက်ခံ INGO တစ်ချို့ပါပဲ။ UN အဖွဲ့အစည်းတွေ၊ INGO တွေ ဒီလို ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေက ကျနော်တို့ လူထုထဲကို သိုးသိုးသန့်သန့်ထွက်ပေါ် လာပါတယ်။

အဲဒီ အဖွဲ့အစည်းတွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသား ၀န်ထမ်းတွေဆီကပါ။ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်း အချင်းချင်း ရိပ်မိသိရှိပြီး နီးစပ်ရာ၊ နီးစပ်ရာ ပေါက်ကြားလာတာမျိုးပါ။

ဒါတွေက လက်ဆုပ်လက်ကိုင်နှင့် သက်သေထုတ်ပြ တိုင်ကြားဖို့ ခက်ခဲတဲ့အခြေအနေမျိုးပါပဲ။ သတင်းတွေဟာ မဖြစ်နိုင်ပါဘူးလို့ လဲမငြင်းနိုင်တဲ့ အခြေအနေပါ။

 ၂၀၁၀ခုနှစ်အတွင်း၊ မောင်တောမြို့ ခမောင်းဆိပ်မှာ ဖမ်းဆီးအရေးယူခဲ့တဲ့ အကြမ်းဖက် လှုပ်ရှားမှုအမှုတစ်ခုမှာ၊ မောင်တော UNHCR ရုံးက ၀န်ထမ်းတချို့ ပါဝင်ပတ်သက်နေပါတယ်။ အခု လတ်တလော စစ်ဆေး အရေးယူမှုတွေမှာလည်း UNHCR ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ၊ မိတ်ဖက် INGO တွေက ၀န်ထမ်းတွေ ပါဝင်နေတယ်ဆိုတာလည်း ကြားသိနေရပါတယ်။

(၈-၆-၂၀၁၂)နေ့၊ မောင်တောမြို့ အရေးအခင်းပြီးတာနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်လာတာက စစ်တွေအရေးအခင်းပါ။

 မောင်တောမြို့မှာ တိုင်းရင်းသားတွေ ဒုက္ခကြုံနေတဲ့အချိန်မှာ UNHCR ရုံးကဘာမှ အရေးယူဆောင်ရွက် လာတာကို မတွေ့ရတဲ့အပြင် ယာယီခိုလှုံဖို့ တောင်းခံတဲ့ တိုင်းရင်းသားတွေကို လိုလိုလားလား နေရာပေးကူညီတာ မရှိခဲ့ပါဘူး။

သို့သော်လည်း တခြားခေါ်တောတွေကိုတော့ သီးသန့်နေရာ ပေးထားခဲ့တာကို တွေ့ရပါတယ်။ (သူတို့ သီးသန့်နေရာပေးထားခဲ့တဲ့ ခေါ်တောတွေဟာ မူစလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ်လို့ သံသယရှိလို့ ယခုလောလောဆယ် စစ်ဆေးခံနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါတယ်။)

စစ်တွေမြို့ အရေးအခင်းမှာ ကျတော့ သူတို့ခေါ်တောတွေ ခံနေရတယ်လို့ သတင်းတွေထွက်လာတာနဲ့ UN အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ကို အပြေးအလွှား ရောက်ရှိလာပါတော့တယ်။ ဒါဟာ စဉ်းစားဖို့ ကောင်းတဲ့အချက်ပါ။

 နိုင်ငံတော်က မည်သူက ဖိတ်ခေါ်တယ်လို့ သတင်းထုတ်ပြန်ပါစေ (သံတမန်ရေးရာ လုပ်ထုံးလုပ်နည်းများအရ ထုတ်ပြန်ချက်လည်း ဖြစ်နိုင်ပါတယ်။) အလွန်စဉ်းစားဖို့ ကောင်းလှပါတယ်။578821 366893480046232 198908681 n

ဒီနေရာမှာ မောင်တော UNHCR ရုံးရဲ့လုပ်ငန်း တစ်ချို့နှင့် ပတ်သက်လို့ တင်ပြချင်ပါတယ်။ ဒုက္ခသည် အမည်ခံခေါ်တောတွေကို စားဝတ်နေရေး အကူအညီ ပေးနေတာပါ။ UNHCR ရဲ့ လုပ်ငန်းတွေကို အကောင်အထည် ဖေါ်ဖို့အတွက် INGOတွေကို Partner အဖြစ်နဲ့ ပူးပေါင်းဆောင်ရွက်ကြ ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေအပြင် UNHCR ရဲ့ လုပ်ငန်းတွေထဲမှာ နိုင်ငံရေးနဲ့ ဆိုင်တာတွေလည်း ပါရှိပါသေးတယ်။

 နောက်တစ်ခုက Immigration နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေပါ။ အဲဒီထဲက သိသာထင်ရှားတဲ့တစ်ခုကို ဖေါ်ပြချင်ပါတယ်။ တရားမ၀င် နိုင်ငံဖြတ်ကျော်မှု (လ၀ကမှု/ ၁၃(၁)လို့ သိကြပါတယ်။) တွေကို ဖမ်းမိအရေးယူတဲ့ အခါမျိုးမှာ တရားခံကို ရုံးတင် စစ်ဆေးတဲ့အခါ တရားခံ ဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။

ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှု ကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါလား။ ဆက်လက် ကျူးလွန်ကြဖို့ အားပေးနေတဲ့ သဘောလား။

စဉ်းစားဖို့ကောင်းပါတယ်။ ကျနော် နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲ ဖြစ်ဖြစ် နိုင်ငံတော် အစိုးရနှင့် တရားဝင် MOU (နားလည်မှု သဘောတူညီချက်)ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့် ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော ဆောင်ရွက်ဖို့ သဘောတူထားလိမ့် မယ်မထင်မိပါ။ ဒီ MOU တွေကိုပြန်လည်သုံးသပ်ဖို့လည်းတောင်းဆိုပါတယ်။

UNHCR ရဲ့လုပ်ငန်းတွေဟာ၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒီလုပ်ငန်းတွေဟာ ဆက်စပ်နေတော့ UNHCR ရဲ့ Speed Boat တွေကနတ်မြစ် တလျှောက် အစုန်အဆန်သွားလာ နေကြပါတယ်။

 အဲဒီလိုပဲ လုပ်ငန်း ဆောင်ရွက်ကြတဲ့ ၀န်ထမ်းတွေကလည်း ဘင်္ဂလားနဲ့ ရခိုင်ကို အချိန်မရွေး စစ်ဆေး မေးမြန်းခြင်းမရှိဘူး။ သန်းနိုင်နေကြပါတယ်။ ဒီ့အပြင် ကူးသန်းနေကြတဲ့ UN ၀န်ထမ်းတွေဟာ ခေါ်တောတွေ ဖြစ်နေပါ သေးတယ်။

ဒါတွေကို ထောက်ချင့်ခြင်းအားဖြင့် တစ်ဖက်က အယ်လ်ကိုင်ဒါ၊ တာလီဘန်၊ အာရ်အက်စ်အို၊ ဂျမားလ်အစ္စလာ မီယာစတဲ့ ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလမ်း အင်မတန်များပါတယ်။ နောက်ပြီး ဘူးသီးတောင်-မောင်တောလို ဒေသမျိုးမှာ Internet ဆက်သွယ်ရေးဆိုတာ နေရာတိုင်းမှာမရှိပါ။ UNHCR တစ်ခုတည်းမှာပဲ၂၄နာရီ၊ အကန့် အသတ်မရှိ သုံးစွဲခွင့်ရရှိထားပါတယ်။

 ဒီတော့ ဒီဝန်ထမ်းတွေအတွက် တစ်ကမ္ဘာလုံးနဲ့ အချိန်မရွေးဆက်သွယ်ခွင့် ရရှိသွားပါတယ်။ သူတို့အနေနဲ့ သတင်းတစ်ခုကို ထုတ်ပြန်ဖို့ အလွန်လွယ်ကူနေသလို ပြင်ပက သတင်းတစ်ခု လက်ခံဖို့လဲ တော်တော့်ကို လွယ်ကူလှပါတယ်။ ဒီလူတွေအတွက် ရရှိထားတဲ့ အခြေအနေတွေက အကြမ်းဖက်ကွန်ယက်ထဲမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းကို ရရှိထားတာပါပဲ။

ဒီခေါ်တောတွေ အတွက်လည်း ဒီလိုအခွင့်အလမ်းကို အမိအရယူဖို့ ကြိုးစားကြတာပါပဲ။ ဒီတော့ ဒီဒုက္ခသည် အမည်ခံတွေဆီကို လုပ်ငန်းအကြောင်းပြချက် အမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အသွားအပြန်လုပ်နေကြတဲ့ UNHCR ၀န်ထမ်းတွေပါ ၀င်ပတ်သက်နေတယ် ဆိုတာ ဖြစ်နိုင်ခြေများပါတယ်။

၂၀၀၇ ခုနှစ် နောက်ပိုင်း ကတည်းက UNHCR ရုံးအပါအ၀င်၊ INGO ရုံးဌာနတွေမှာ ၀န်ထမ်းခန့်ထားမှုတွေကို လေ့လာကြည့်တဲ့အခါ ခေါ်တော လူမျိုးတွေကိုသာ ပိုမိုဦးစားပေး ခန့်ထားပြီး ဒေသခံ တိုင်းရင်းသား ၀န်ထမ်းတွေကို တဖြည်းဖြည်း အင်အားလျှော့ချလာတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေကို ခန့်ထားတယ်ဆိုတာလည်း များသောအားဖြင့် Technical လိုအပ်တဲ့ ရာထူးမျိုးတွေမှာပါ။

 နောက်ဆုံး တိုင်းရင်းသား တစ်ယောက်ကို မခန့်လျှင်မဖြစ်တဲ့ အခြေအနေမျိုးမှာမှ ခန့်ထားပါတယ်။ ဒီတော့ ခေါ်တော ၀န်ထမ်းတွေကို ဘာဖြစ်လို့ တိုးခန့်လာတာလဲ။

တိုင်းရင်းသား ၀န်ထမ်းတွေ ဘာဖြစ်လို့ လျှော့ချလာတာလဲ။ ဒါတွေကို စဉ်းစားဖို့ အချိန်ကျနေပါပြီ။ ဒီလူတွေက UN နှင့် INGO တွေကို အကာအကွယ်ယူဖို့ အသုံးချနေပါပြီ။ ဒါကို UN နဲ့ INGO တွေမှာ တာဝန်ခံဆိုတဲ့ ပုဂ္ဂိုလ်နိုင်ငံခြားသားတွေ မသိလို့ အလိမ်ခံနေကြတာလား။ သိသိနဲ့ ကိုယ်တိုင် ပါဝင်ပတ်သက်နေတာလား။ အဖြေရှာဖို့လိုပါပြီ။

နောက်ပြီး သူတို့အခေါ် Vulnerable People, Beneficiary စသည်ဖြင့် ခေါ်ဝေါ်နေကြတဲ့ အကျိုးခံစားခွင့် ရရှိထားသူတွေဟာလည်း သူတို့ ခေါ်တော လူမျိုးတွေချည်းပါပဲ။ တိုင်းရင်းသားထဲက ဘယ်လောက်ပင် ဆင်းရဲနေပါစေ၊ ဘယ်လောက်ပင် ကျန်းမာရေး၊ ပညာရေးအခက်အခဲမျိုးစုံ တွေ့နေရပါစေ အကြောင်းတစ်ခုမဟုတ်၊ တစ်ခုနှင့် ပယ်ပစ်ခဲ့တာပါပဲ။

 မျက်မြင် အထောက်အထားအဖြစ်နဲ့ ဘူးသီးတောင်၊ မောင်တော ဒေသက စာသင်ကျောင်း အဆောက်အအုံတွေ၊ အဲဒီစာသင်ကျောင်းတွေမှာ ရရှိထားတဲ့ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂ အသုံးအဆောင်တွေ ဘယ်လိုရရှိထားတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။

 ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသဖို့အတွက် အထောက်အပံ့ရနေတာ ဘယ်သူတွေပါလဲ။ အာဟာရချို့တဲ့မှုအတွက် အထောက်အပံ့ရရှိနေတာ ဘယ်သူတွေပါလဲ။ နောက်တစ်ခုက ဘူးသီးတောင်-မောင်တော ဒေသမှာ အနီးစပ်ဆုံး (၁၅-၆-၂၀၁၀) နေ့မှာ ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်ရေကြီးမှုကို အကြောင်းပြပြီး ဒီနေ့အထိ အကျိုးခံစားခွင့် ရရှိနေတာတွေပါပဲ။

သဘာဝဘေးဆိုတာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိပဲ ထိခိုက်ခံစားခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံတကာ အကူအညီရရှိခဲ့တဲ့ နေရာမှာတော့ ခေါ်တောတွေရဲ့ ရွာတွေမှာပဲ ရရှိခဲ့တာကိုမြင်ရမှာပါ။ ပြောရရင် အဲဒီတုန်းက ရေကြီးခဲ့မှုအတွက် အခုအချိန်အထိ ရိက္ခာအထောက်အပံ့ ရရှိနေတာ သူတို့ခေါ်တော တွေပါပဲ။

 ရေနှင့်သန့်ရှင်းရေး အစီအစဉ်တွေမှာ ရေတွင်း၊ ရေကန်၊ အိမ်သာ စတာတွေ အထောက်အပံ့ကို အခုအချိန်ထိ ရရှိနေသေးတာ ခေါ်တောရွာတွေပါပဲ။ စီမံချက်ဧရိယာတစ်ခု အတွင်းမှာ တိုင်းရင်းသား ရွာတစ်ရွာ ပါဝင်နေရင်တောင်မှ အိမ်ခြေ(၅၀) မပြည့်လို့ ခံစားခွင့် မပေးနိုင်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်ထားခဲ့တာပါပဲ။

(လူနည်းစုဖြစ်လို့၊ လူများစုဖြစ်လို့ဆိုပြီး ပြောတဲ့ ဆရာမကြီး ကြပ်ကြပ်သတိထား သင့်ပါတယ်။) ရင်နာစရာ အကောင်းဆုံးက အကြီးဆုံး နိုင်ငံရေးပါတီကြီးက ရေကြီးမှုအတွက် အကူအညီအဖြစ် ရိက္ခာထောက်ပံ့မှု အစီအစဉ်တောင်မှ ခေါ်တောရွာ၊ ခေါ်တောရပ်ကွက်မှာပဲ ထောက်ပံ့ပေးခဲ့တာပါဗျာ။ (မဲရဖို့လိုနေတယ်မဟုတ်လား)။

အဲဒီတော့ ခွဲခြားဆက်ဆံမှု (discrimination)၊ ပြုနေတာ ဘယ်သူတွေပါလဲ၊ နောက်ထပ် သူတို့ကျယ်ကျယ်လောင်လောင် ပြောနေတဲ့ လူ့အခွင့်အရေး (Human Right) ကို ချိုးဖေါက်နေကြတာ ဘယ်သူတွေပါလဲ၊ ဘာသာရေးလွတ်လပ်ခွင့်ကို တမင်သက်သက် ချိုးဖေါက် နေကြတာ ဘယ်သူတွေပါလဲ၊ ဒါတွေဟာ တင်ပြဖို့မလိုတော့အောင် ထင်ရှားနေပြီးသားပါ။ မဖြစ်နိုင်ပါဘူးလို့ ထင်တဲ့သူ၊ မယုံတဲ့သူ ကျနော်တို့ ဘူးသီးတောင်-မောင်တော ဒေသကိုလာခဲ့ပါ။ ကျနော်တို့ ကိုယ်တိုင် စရိတ်စက အားလုံးတာဝန်ယူပြီး လိုက်ပြချင်ပါတယ်။

ဒီဒေသကို မလာနိုင်ရင်လဲ ကိစ္စမရှိပါဘူး ခင်ဗျားတို့နဲ့ နီးစပ်ရာ ဒေသကိုကြည့်ပါ။ ၂၀၀၈ ခုနှစ်က၊ နာဂစ်မုန်တိုင်းကို အမှတ်ရနေဦးမှာပါ။ နောက်ပြီး ၂၀၁၀ ဂီရိမုန်တိုင်းကို အမှတ်ရနေဦးမှာပါ။

အခုအချိန်မှာ အဲဒီ ဒေသတွေမှာ အရေအတွက် သိန်းသန်းချီပြီး သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ ကူညီနေတဲ့ UN အဖွဲ့အစည်း အရေအတွက် ဘယ်လောက်ရှိပါ သေးသလဲ၊ အရေအတွက် တူခဲ့ရင် တောင်မှကူညီပေးနေတဲ့ (သူတို့အခေါ် Budget) ရံပုံငွေပမာဏနှင့် လူဦးရေ အချိုးဘယ်လောက် ရှိနေပါသေးသလဲ။ ရှင်းရှင်းလေးနဲ့ မြင်နိုင်မှာပါ။ ဒါဟာ သိပ်မကြာသေးပါဘူး။

သို့သော် ဘူးသီးတောင်-မောင်တောဒေသမှာ UN အဖွဲ့အစည်းတွေ၊ INGO တွေ ၀င်ရောက်လှုပ်ရှားနေတာ နှစ်ပေါင်း(၂၀)ပြည့်ပါတော့မယ် ခင်ဗျား။ ဘူးသီးတောင်-မောင်တောမှာ နာဂစ်လည်း မဖြစ်ဖူးသေးပါ။ ဂီရိလည်းမ၀င်ခဲ့ပါ။

ဆူနာမီဆိုတာလည်း ယောင်လို့တောင်မှ မျက်စောင်းမထိုးခဲ့ပါ ခင်ဗျား။ အခုလည်း ဒီအရေးအခင်းအတွက် ကူညီထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်ထားတာကိုလည်း သိလိုက်ရပါပြီ။

ကျနော်တို့ ပြောရဲပါတယ်။ တကယ်တမ်း UNနဲ့ INGO တွေက အကူအညီ ပေးလာခဲ့လျင်လည်း နစ်နာဆုံးရှုံးခဲ့ကြရတဲ့ တိုင်းရင်းသားတွေကိုတော့ အစီရင်ခံစာထဲမှာ ပေးတယ်လို့ဖေါ်ပြနိုင်ရုံကလေး မစို့မပို့ရာ ခိုင်နှုန်းလောက်သာ ပေးပြီးခေါ်တာတွေကိုတော့ နောက်ထပ် နှစ်ပေါင်း နှစ်ဆယ်ကျော်မက ထပ်ပေးနေဦးမှာပါ။

ဒါက UN, INGO စတာတွေမှာ ခေါ်တောတွေချည်းပဲ ကြီးစိုးနေပြီး တိုင်းရင်းသားတွေ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေကို ကြုံကြိုက်တုန်း တင်ပြခဲ့တာ တွေပါ။

ဆက်လက်ပြီး အခုလတ်တလော နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းမှာ ခေါ်တောတွေဆီမှာ လက်နက်တွေရရှိထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ဒါတွေကို တရားဝင် ထုတ်ပြန်ကြေငြာထားတာ မတွေ့ရသေးပေမယ့် ယနေ့အထိ သိရှိထားရသမျှတွေ အရတော့ မှန်ကန်နေပါတယ်။

 ဒီတော့ စောစောက တင်ပြခဲ့သလို ဒုက္ခသည်အမည်ခံပြီး၊ ဘင်္ဂလား-ရခိုင် နယ်စပ်မှာ လှုပ်ရှားနေကြတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနေတာပါ။

 နောက်ပြီး UNHCR ရုံးဝင်းထဲမှာ ယာယီခိုလှုံခွင့် တောင်းဆိုပြီး တစ်ညနေခဲ့တဲ့ တိုင်းရင်းသားဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ သူတို့ကိုယ်တိုင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တွေ့မြင်ကြားသိခဲ့ရတာတွေကို ပြောပြခဲ့တာပါပဲ။ လူပုဂ္ဂိုလ်တွေရဲ့ အမည်တွေကိုပါ တိတိကျကျဖေါ်ထုတ် ပြောလာခဲ့တာပါ။

(ဒေသခံ တိုင်းရင်းသားတွေဟာ ခေါ်တောစကားကို အထိုက်အလျှောက် နားလည်တတ်ကျွမ်း ကြတယ်ဆိုတာကို မမေ့ပါနဲ့။) နောက်ဆုံး ဖမ်းဆီး အရေးယူမှုခံရသူတွေထဲမှာ မောင်တောမြို့ UNHCR ရုံးဝင်းထဲမှာ ၀န်ထမ်းမဟုတ်ဘဲ ၀င်ရောက်ခိုလှုံနေသူတွေပါ ၀င်နေတယ်ဆိုတာ တွေကိုပါသိရှိလာရတဲ့ အထိပါပဲ။

 တကယ်တမ်း ဖမ်းဆီးစစ်ဆေးတဲ့အခါ စောစောက ယာယီခိုလှုံခဲ့သူတွေ ပြန်ပြောပြတဲ့အမည်ပါ ပုဂ္ဂိုလ်တွေ တကယ်ပဲပါဝင်နေပါတယ်။ နောက်ဆုံး ကျနော်တို့ တာဝန်ခံအကြီးအကဲဆိုသူ ကိုယ်တိုင်ပင်လျှင် ပါဝင်ပတ်သက်နေသလားလို့ တောင်သံသယရှိမိပါတယ်။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိထိမိမိစုံစမ်း သင့်ပါတယ်။

ဒီတစ်ခါ အထူးကိုယ်စားလှယ်ကြီးရဲ့ ထုတ်ပြန်ချက်တွေမှာ ကျနော်တို့ ရခိုင်ဒေသက ထွက်ပြေးခိုလှုံလာတဲ့ Rohingya(ရိုဟင်ဂျာ) တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံပေးဖို့လို့ ထုတ်ပြန်ခဲ့ပြီး Rohingya(ရိုဟင်ဂျာ)ဆိုတဲ့ ဝေါဟာရကို တမင်သုံးနှုန်းထုတ်ပြန်သွားတာ တွေ့ရပြန်ပါတယ်။

ကျနော်တို့ နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး၊ လက်မခံနိုင်ပါဘူးလို့ တရားဝင်ထုတ်ပြန်၊ တင်ပြထားပါလျှက် အခုလို ထုတ်ပြန်ကြေငြာချက်တွေမှာ ရိုဟင်ဂျာလို့ သုံးနှုန်းသွားခဲ့တော့ UNHCR ဆိုတာ ဒုက္ခသည် အမည်ခံ အကြမ်းဖက်သမားတွေကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလို့ပဲ သုံးသပ်ရပါလိမ့်မယ်။ High Commissioner for Refugees မဟုတ်တော့ပါ။ High Commissioner for RSO (Rohingya) သို့မဟုတ် High Commissioner for Rebels လို့ပဲ ပြောရတော့မှာပါ။

ဒီတော့ အခုဖြစ်ပေါ်လာတဲ့ အရေးအခင်းဖြစ်ရပ်တွေကို အသေအချာ သုံးသပ်ကြည့်မိပါသလား။ အားလုံး အစီအစဉ်တကျ အကွက်ကျကျ ဖြစ်လာသလို မြင်လာရပါလိမ့်မယ်။ အရေးအခင်းကို တနည်းမဟုတ် တနည်းနည်းနဲ့ မဖြစ်ဖြစ်အောင် ဖန်တီးကြိုးစားလာတာကို တွေ့ရပါမယ်။

အစောပိုင်းက ကျနော်တို့ တင်ပြခဲ့သလို ကျောက်နီမော်ပြဿနာ၊ တောင်ကုတ်ပြဿနာ ဆိုတာတွေဟာ လတ်တလော အကြောင်းရင်းပါ။ တကယ့် အကြောင်းရင်းကတော့ ရခိုင်ဒေသကို ခေါ်တောတွေက သူတို့နယ်မြေအဖြစ် အပိုင်သိမ်းနိုင်ဖို့ စစ်ဆင်လာတာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဒါဟာ ရခိုင်ဒေသ တစ်ခုတည်းနဲ့ဆိုင်တဲ့ ပြဿနာပါလား။ နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့်က ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ နည်းလမ်းရှာဖို့လိုပါပြီ။ လတ်တလော မီးငြိမ်းသွားရင်တောင် နောက်ထပ် မီးတောက်မလာအောင် လောင်စာကို ရှင်းဖို့လိုပါပြီ။ မီးရှို့မယ့်လက်တွေကို ဖြတ်ပစ်ဖို့လိုပါပြီ။

ကျနော်တို့ သာမန်ပြည်သူတွေ သဘောထားကတော့ ဒီခေါ်တောတွေဆိုတာ ဒီနိုင်ငံသားမဟုတ်ပါ။ တိုင်းရင်းသားမဟုတ်ပါ။ လ.၀.က(လူဝင်မှုကြီးကြပ်ရေး) ၀န်ကြီးကလည်း တိုင်းရင်းသားဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်က ဒေသခံတွေကို မေးပါလို့ ပြောထားပါတယ်။ ဘယ်သူကမှ လာမမေးသေးပေမယ့် ဖြေပါ့မယ်။ လုံးဝ (လုံးဝ) တိုင်းရင်းသား မဟုတ်ပါ။ နိုင်ငံသားမဟုတ်ပါ။

တစ်ခါ UNHCR, တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့၊ ခေါ်တောတွေကို နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် သတ်မှတ်ပြီး ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ စေတနာရှင်ကြီးတွေကို တင်ပြချင်တာ တစ်ခုရှိပါသေးတယ်။

ဘာလဲဆိုတော့ ခေါ်တောတွေနဲ့ အသွင်သဏ္ဍာန်၊ ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှုထုံးစံတွေ တူညီနေတဲ့ ဘင်္ဂလားဒေ့ရှ် လိုနိုင်ငံကတောင် ဧည့်သည်အဖြစ်နဲ့ လက်မခံချင်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က ကိုယ့်တိုင်းရင်းသား နိုင်ငံသားအဖြစ်နေရာ ပေးရမယ်ဆိုတာတော့ တရားပါသလား။

ဒီနေရာမှာ တစ်ဆက်တည်း နိုင်ငံတကာမှာ လှည့်လည်ပြီးဧည့်သည်ဟာ အိမ်ရှင်ကို အနှောက်အယှက် မပေးရဘူးလို့ သြ၀ါဒပေးနေတဲ့ ဆရာမကြီးကိုလည်း တင်ပြချင်ပါတယ်။ အခုလို ကျနော်တို့က ဧည့်သည်အဖြစ်နဲ့တောင် လက်မခံခဲ့ဘဲနဲ့ အိမ်ရှင်ကိုစော်ကားနေတဲ့ ခေါ်တောတွေကိုတော့ ဘယ်လိုသြ၀ါဒ ပေးပါအုံးမလဲ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီခေါ်တောတွေကို သနားလှပါရဲ့၊ လူ့အခွင့်အရေးတွေ ဆုံးရှူံးနေပါရဲ့လို့ ရင်ထုမနာ ဖြစ်နေကြရင် အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်။ UNHCR တို့၊ INGO တို့က နေဆယ်စု နှစ်ပေါင်းများစွာ ရံပုံငွေ လှူဒါန်းနေမယ့်အစား မိတ်ဆွေတို့ နိုင်ငံမှာ နေရာပေးပြီး ခေါ်ထားလိုက်ကြပါ။

 နိုင်ငံတစ်နိုင်ငံတည်းက အားလုံးကို ခေါ်ဖို့မလိုပါဘူး။ အလှူရှင်နိုင်ငံတွေက အချိုးကျခွဲပြီး ခေါ်ထားလိုက်ရုံပါပဲ။
 
 သူတို့ဟာသူတို့ လုပ်ကိုင် စားသောက်ကြပါစေ။ ဒါဆိုရင် မိတ်ဆွေတို့လည်း နောက်ထပ် ရံပုံငွေတွေ ထောက်ပံ့ပေးပို့နေဖို့ မလိုတော့ပါဘူး။ သူတို့လည်း နိုင်ငံမဲ့ ဘ၀ကလွတ်ပါလိမ့်မယ်။ ကျွန်တော်တို့လည်း ကိုယ့်အိမ်မှာ ခြေဆန့်လက်ဆန့် နေနိုင်ပါလိမ့်မယ်။ မကောင်းဘူးလားဗျာ။

Arakan Times

ရွှေမြန်မာ

No comments:

Post a Comment