Sunday 12 August 2012

ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြို့ရွာများ တွင် ဆိုလာစနစ်သုံးစွဲမှုများလာ

ချင်းတွင်း မြစ်ရိုး တစ်လျှောက်ရှိ မြို့ ရွာ အများစုတွင် ဒီဇယ် မီးစက်များဖြင့် လျှပ်စစ်မီးပေးဝေရာ၌ တစ် ရက်လျှင်နှစ်နာရီသာ သုံးစွဲခွင့်ရ ရှိခြင်း၊ လျှပ်စစ် ဓာတ်အား ပေးဝေချိန်တွင် အလင်းရောင်ရရှိရုံမျှသာ သုံးစွဲခွင့်ပြုခြင်းတို့ကြောင့် ကိုယ် ပိုင်လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲနိုင်ရန် တရုတ်နှင့် အိန္ဒိယ နိုင်ငံထုတ် ဆိုလာလျှပ်စစ်ဓာ

တ် အားပေးစနစ်အား သုံးစွဲသူများ ပြားလာကြောင်း ချင်းတွင်းမြစ်ရိုး ဒေသခံများ ပြောကြားချက်အရ သိရသည်။
“လျှပ်စစ်မီးက ဒီဇယ်မီးစက် နဲ့ ပေးတာ။ တစ်ရက်ကို နှစ်နာရီ သုံးစွဲခွင့်ရတယ်ဆိုပေမယ့် သက် ဆိုင်ရာ လျှပ်စစ်မီးအသုံးစရိတ် လျှော့ချဖို့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက် က မြို့မိမြို့ဖတွေနဲ့ ဒေသခံတွေ ဆွေးနွေးပွဲမှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း လျှပ်စစ်မီးကိုတော့ ဖြန့်ဝေတယ်။ ဒါပေမဲ့ လျှပ်စစ်မီး အသုံးစရိတ်လျှော့ချဖို့ အလင်း ရောင်ရရှိရုံသာ သုံးစွဲခွင့်ရတယ်။ ရေမော်တာတွေ၊ ထမင်းပေါင်းအိုး ချက်တာ၊ ပန်ကာဖွင့်တာတွေကို မသုံးစွဲဖို့ တားမြစ်ထားတယ်။
အိမ်တိုင်းမှာလည်း လျှပ်စစ်မီး ကို အဓိက ရေတင်မော်တာ အ သုံးပြုလာပြီး အိမ်လျှပ်စစ်ကြိုး တိုင်းမှာ ဖျူးစ်တွေတပ်ထားတယ်။ အခုနောက်ပိုင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာချိန်မှာ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်ဖို့ အဓိကလိုအပ်ချက်က လျှပ်စစ်မီး ဖြစ်နေတယ်။ ချင်းတွင်းမြစ်ရိုး ဒေသဖွံ့ဖြိုးဖို့ လျှပ်စစ်ဓာတ်အား မရတဲ့အတွက် ဆိုလာစနစ်နဲ့ အ လင်းရောင်ရအောင် ဓာတ်အားစု နေဆဲပါ” ဟု ချင်းတွင်းမြစ်ရိုးမြို့ ဖြစ်သည့် ကနီမြို့ဒေသခံ ဦးသိန်း ထွေးကပြောသည်။
“မင်းကင်းက တစ်နေ့မှ တစ် နာရီခွဲသာ လျှပ်စစ်မီးသုံးစွဲခွင့်ရ တယ်။ မြို့တစ်မြို့လုံး ဒီဇယ်မီးစက် တွေနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး တာ။ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မ လင်း၊ ကလေးဝ၊ ခန္တီးစတဲ့ မြို့တွေ လည်း လျှပ်စစ်မီးစက်တွေနဲ့ မီး သုံးစွဲရတာဆိုတော့ အများစုက ကိုယ်ပိုင်မီးစက်တွေ၊ ဆိုလာစနစ် သုံးလျှပ်စစ်ဓာတ်အား သုံးစွဲတဲ့စ နစ်တွေကို အသုံးပြုနေရတယ်” ဟု မင်းကင်းမြို့ ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြို့ရွာများတွင် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခွင့် ရရှိရေးအတွက် ယခု နှစ်အတွင်း ဒေသဆိုင်ရာ တာဝန် ရှိသူများ ဆောင်ရွက်လျက်ရှိပြီး ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ နှင့် လျှပ်စစ်မီးပိုမိုသုံးစွဲလိုသူများ က ဆိုလာစနစ်သုံးလျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုနှင့် ကိုယ်ပိုင်ဒီ ဇယ်မီးစက်များအား သုံးစွဲမှုများ လာသည့်အတွက် အီလက်ထရွန် နစ်အရောင်းဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင်အရောင်းသွက်လျက် ရှိကြောင်း သိရသည်။
မျိုးမင်းဦး

By ရိုးရာလေး

No comments:

Post a Comment