Sunday 12 August 2012

သြဂုတ် ၁၃ ရက်နေ့မှစ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်မည်

သြဂုတ်လ ၁၃ ရက်နေ့မှ စ၍ မောင်တောမြို့ရှိ အခြေခံပညာကျောင်းအချို့ ပြန်လည်ဖွင့်လှစ်
မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


 ပြန်လည်ဖွင့်လှစ်မည့်ကျေင်းများမှာ အ.မ.က ၁၊ အ.မ.က ၃၊ အ.မ.က ၄၊ အ.မ.က
(အောင်ဗလ)၊ အ.လ.က ၂ (၄မိုင်)၊ အ.လ.က (ကျီးကန်းပြင်)၊ အ.ထ.က (မောင်တော) ကျောင်းများ ဖြစ်ကြောင်း သိရှိရပါသည်။

"အ.ထ.က(မောင်တောင်)ကျောင်းလည်း ပြန်ဖွင့်ပါမယ်။ဒါပေမယ့်တက္ကသိုလ်ဝင်တန်းတစ်တန်းကိုပဲ
 ပြန်ဖွင့်ပါဦးမယ်။

အဲ့ကျောင်းမှာ နံနက် ၇နာရီကနေ ၁၁ နာရီထိ ရခိုင်လူမျိုးကျောင်းသားတွေကို သင်ကြားပေးမှာဖြစ်ပြီး၊
 နေ့လယ် ၁၂ နာရီကနေ ၄ နာရီထိကိုတော့ ဘင်္ဂါလီကျောင်းသားတွေကို သင်ပေးမှာပါ။"
 ဟု မြို့နယ်ပညာရေးမှုး ဦးကြာလှထွန်းကပြောပါသည်။

လတ်တလောတွင် လုံခြုံရေးအခြေအနေအရ ယခုကဲ့သို့ အချိန်ခွဲသင်ကြားရခြင်းဖြစ်ကြောင်းနှင့် အခြေအနေတိုးတက်ကောင်းမွန်မှုပေါ်မူတည်ပြီးကျန်ပိတ်ထားသော ကျောင်းများပြန်လည်ဖွင့်
လှစ်နိုင်မည်ဖြစ်သလို အားလုံးအတူတကွ ပညာသင်ကြားနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

 အေးချမ်းစွာပညာသင်ကြားနိုင်ရေး ကြီးကြပ်ရေးကော်မတီကို ရပ်မိရပ်တွေ၊ ကျောင်းတာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားကြောင်း၊ ကျောင်းဝင်းအတွင်းလုံခြုံရေးကို လုပ်ဆောင်ပေးကြမည်ဖြစ်ပြီး ကျောင်းပြင်ပတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေ တာဝန်ယူပေးမည်ဖြစ်ကြောင်း သိရသည်။"

ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ၂ လကျော်ကြာပိတ်ထားခဲ့ရာမှ ကျောင်းအချိုအား ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး မောင်တောမြို့ရှိ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၉ ကျောင်းအနက် ၇ ကျောင်းသာ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

Eleven media

ရွှေမြန်မာ

No comments:

Post a Comment