Sunday 12 August 2012

အီတလီမြောက်ပိုင်း မြေငလျင် လူ ၁၀ ဦးသေ

 အီတလီ မြောက်ပိုင်းမှာ နောက်ထပ် မြေငလျင်
တခု လှုပ်ခဲ့လို့ အနဲဆုံးလူ ၁၀ ဦး သေဆုံး
သွားကာ၊ အပျက်အစီး ပုံတွေ ကြားမှာ
 တော်တော်များများ လဲ ပိတ်မိနေဆဲ ဖြစ်ပါတယ်။


အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီ USGS ကတော့ ငလျင်ရဲ့ ပြင်းအားဟာ ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ ရှိ ပြီး ဘိုလိုဂနာမြို့က ကီလိုမီတာ ၄၀ လောက် အကွာကို ဗဟိုပြုပြီး လှုပ်သွားတာလို့ ဆိုပါတယ်။

မနက်လူတွေ အိပ်ယာထ စမှာ ပဲ ငလျင်က လှုပ်သွားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အပတ်ကလဲ ဒီနေရာမှာပဲ ငလျင်တခု လှုပ်ခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ မြေငလျင်ကြောင့် လူ ၇၀ဝ၀ လောက် ရွက်ဖျင်တဲတွေမှာ နေနေရဆဲ ဖြစ်ပါတယ်။

အီတလီ ဝန်ကြီးချုပ် မာရီယို မွန်တီကတော့ သူ့အစိုးရ အနေနဲ့ ငလျင်ဒဏ် ခံရသူ တွေဆီ အကူအညီတွေ အမြန်ဆုံး ရောက်အောင် ပို့ပေးသွားမယ်လို့ ပြောပါတယ်။

BBC(မြန်မာပိုင်း)
ရွှေမြန်မာ

No comments:

Post a Comment