
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် အစည်း အဝေး ခန်းမမှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ အရ သိရပါတယ်။ အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲတွင် နန်းခင်ဇေယျာမှ သူမရဲ့ Miss Internatioal 2012 ပြိုင်ပွဲရဲ့ အတွေ့အကြုံ များကို ရှင်းလင်း တင်ပြပေး သွားခဲ့ပါတယ်။
Miss International 2012 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာဟာ Embassadar of Beauty ဆု၊ Miss Internet ဆုနဲ့ People Choice Award ဆုသုံးဆုကို ရရှိခဲ့ တာဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲသို့ ယှဉ်ပြိုင်ရန် စက်တင်ဘာ လကုန်မှာ ဖိတ်ကြားခြင်း ခံခဲ့ရတာ ဖြစ်ပြီး သူမအနေနဲ့ ပြိုင်ပွဲဝင်ရန် ရက် ၂၀ သာ ပြင်ဆင်ချိန် ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စာနယ်ဇင်း ရှင်းလင်းပွဲမှာ နန်းခင်ဇေယျာမှ မယ်မြန်မာ တစ်ဦး အနေနဲ့ မြန်မာနိုင်ငံမှ ပြည်သူလူထု အတွက် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားဖို့ အစီအစဉ်များ ရှိတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သူမအနေနဲ့ ယခင် သူမရဲ့ ခရီးသွား လမ်းညွှန် အလုပ်အပြင် အနုပညာ လုပ်ငန်း များပါဝင် လုပ်ဆောင် သွားမယ်လို့ သတင်း ရရှိပါတယ်။
By MRTV-4
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
No comments:
Post a Comment