Thursday 25 October 2012

ယနေ့ ည ၆း၂၀ မှသေဆုံးသူများနဲ့  ဒဏ်ရာရသူများ နောက်ဆုံးရသတင်း


ရသေ့တောင်၊ ကျောက်တော်နှင့်ပေါက်တောမြို့ ထိ အကြမ်းဖက်မီးရှို့မှုများ ပျံ့ နှံ့ 

အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မင်းပြားနဲ့  မြောက်ဦးမြို့ နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခေတွဟာ
ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်၊ တောင်ကုတ်နဲ့  ပေါက်တောမြို့ 
နယ်တွေအထိ ကူးစက်ပျံ့နှံ့ နေပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ  အခြေအေနကို ထိန်းသိမ်းဖို့ အတွက် နိုင်ငံတော်
သမ္မတက  လုံခြုံရေးအဆင့် တိုးမြှင့်ဖို့ ညွှန်ကြားထားပေမယ့် မြို့ နယ်အတော်များ
များမှာ မီးရှို့ တိုက်ခိုက်မှုတွေ ဆက်လက်ပျံ့ နှံ့  ဖြစ်ပွားနေတာပါ။

ကျောက်တော်မြို့ နယ် ပိုက်သည်ရွာမှာ  ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂါလီနဲ့  ရခိုင်တိုင်းရင်း
သားတွေ အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ  လုံခြုံရေးယူထားတဲ့ စစ်တပ်က ဝင်ရောက် ပစ်ခတ်ထိန်းသိမ်းခဲ့လို့  ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ် လို့ 
ကျောက်တော်မြို့ ခံ တဦးက ပြောပါတယ်။

အလားတူ ရသေ့တောင်မြို့ နဲ့ ၁၆ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ကြီးရွာမှာလည်း ဒီမနက်ဖြစ်
ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ 
ရသေ့တောင်အမတ်ဦးလှ မောင်သိန်းက ပြောပါတယ်။

ပေါက်တောမြို့ နယ်မှာတော့  အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားနေပြီး နာရီဝက်အတွင်း
အိမ်ခြေ၈၀ဝ လောက် ပြာကျသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။ပေါက်တောရဲ
စခန်းကို မေးမြန်းရာမှာတော့ သူတို့ အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး အိမ်ခြေ ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရေသးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဘက်က ဘယ်သူတွေ ဒါကို စလုပ်သလဲဆိုတာ စုံစမ်းနေဆဲပါ။ အိမ်ခြေတွေကိုလည်း
အခုမှ စာရင်းကောက်နေဆဲဖြစ်ပါတယ်။ အပေါ်ကိုတင်တဲ့အခါ စာရင်းနဲ့အတိအကျ
တင်ရမှာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ခန့် မှန်းပေးလို့ လည်းမရဘူး။ အတိအကျလည်း ပေးလို့ မရဘူး။
ဒါတွေကို စုံစမ်းနေဆဲပါ။”တောင်ကုတ်မြို့ မှာလည်း မနေ့ ညက ဘင်္ဂါလ်ီတွေ ဝင်လာ
တယ်ဆိုတဲ့ သတင်းကြားရတဲ့ အတွက် ဒေသခံ ရခိုင်လူမျိုးတွေက ဘင်္ဂါလီကို
တင်ဆောင်လာတယ်လို့  ယူဆရတဲ့လှေကို သွားရောက်ဖျက်ဆီးပြီး ရုန်းရင်းဆန်ခတ်  အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့ ဝင် ဦးဝင်းမြိုင်ကေတာ့ သူတိုအနေနဲ့  မနေ့ 
ကထိ ရရှိထားတဲ့ စာရင်းအရ အခင်းဖြစ်ပွားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနဲ့  မြေပုံ
အစရှိတဲ့ဒေသေတွက အိမ်ခြေပေါင်း ၁၀ဝ၀ နီးပါးပျက်စီးသွားပြီး လူ ၃ ဦးသေဆုံးပြီး
၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း ပြော ပါတယ်။

ဒီနေ့  ဖြစ်တဲ့ အေနအထားကိုတော့ မသိရေသးဘူးလို့  ပြောပါတယ်။ဒီနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာတော့  ကျောက်ဖြူမြို့ မှာ ၂၃ ရက်နဲ့ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်
ခိုက်မှုတွေကြောင့် အိမ်ခြေ ၈၀ဝ လောက် မီးလောင်ပျက်စီးသွားခဲ့သလို လူ ၁ ဦး
သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။


DVB (မြန်မာပိုင်း)


 ၆း၂၀ နာရီ - ရသေ့တောင်၊ ညောင်ပင်ကြီးအရေးအခင်းတွင် စစ်တွေဆေးရုံသို့ ယခုထပ်မံရောက်ရှိလာသော ဒဏ်ရာရလူနာများ
------------------------------------------------------------

၁။ ဦးလေယိုင်ထွန်း ( ၃၈ -နှစ်)
( ဘ) ဦးထွန်းယဉ်
ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင်
နောက်ကျောကျည်ထိဒဏ်ရာ

၂။ ဦးအေးထွန်းသောင်း ( ၄၇ - နှစ် )
( ဘ) ဦးစိုးထွန်းအောင်
ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင်
တင်ကျည်ထိဒဏ်ရာ

၃။ ဦးမောင်စိန်လှ ( ၄၆ - နှစ်)
( ဘ) ဦးလပြည့်အောင်
ဆားပြင်ကြီးကျေးရွာ၊ ရသေ့တောင်
ပေါင်ကျည်ထိဒဏ်ရာ

၎။ ဦးသိန်းရွှေ ( ၄၇ - နှစ်)
( ဘ) ဦးစံသာလှ
ကန်ပြင်ရွာ၊ ရသေ့တောင်
လက်ဖျံ နှင့် မျက်စေ့ ကျည်ထိဒဏ်ရာ

အထက်ပါလူနာလေးဦးအပါအ၀င် ယနေ့  ရသေ့တောင်မှ ရောက်ရှိလသော
လူနာစုပေါင်း ၉ ဦး စစ်တွေဆေးရုံတွင် ဆေးကုသခံလျက်ရှိပါသည်...။

Ref: ၀ံလက်ဖောင်ဒေးရှင်းမှ ထုတ်သော စာရင်းကို ကူးယူးဖော်ပြပါသည်။
 ၃း၁၀ နာရီ ကျောက်တော်မြို့သတင်း

----------------------------
ကျောက်တော်မြို့တွင် ယခုအခါ အရေးအခင်းမှာ ငြိမ်းအေးသွားပြီးဖြစ်ကြောင်းနှင့်
 သေဆုံး ရခိုင်တိုင်းရင်း (၄) ယောက်ရှိကြောင်းကို RSV သတင်းထောက်မှ
အတည့်ပြုပေးပါသည်။



ဦးဘသန်း ( ၅၃ -နှစ် )
ဘ - ဦးအေးမောင်
ကပ်ချောင်းကျေးရွာ၊ ရသေ့တောင်
ပေါင်တွင်ကျည်ထိဒဏ်ရာရ

By Rakhine Straight Views

ရွှေမြန်မာ

No comments:

Post a Comment