Thursday 25 October 2012

မြိတ်မြို့ အနက်ရောင်အင်္ကျီဝတ် Danger အဖွဲ့ ခြေရာခံလို့မရသေး


တနင်္သာရီတိုင်း မြိတ်မြို့၌ လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက ရှိခဲ့သော အနက်ရောင် အင်္ကျီဝတ် Danger (အန္တရာယ်) အဖွဲ့အား နောက်ကွယ် တွင် မည်သူကြိုးကိုင်နေသည်ကို ယခု အချိန်အထိ
ခြေရာခံ၍မရသေးကြောင်း မြိတ်မြို့ရှိ အဖွဲ့အစည်းတစ်ခုမှ တာဝန် ရှိသူတစ်ဦးက လူထုပုံရိပ်သို့ ပြော သည်။
"ဒီကလေးတွေက တစ်ခုခုလုပ် တော့မယ်ဆိုရင် အမည်းရောင်အင်္ကျီ ဝတ်တယ်။ ကျွန်တော်တို့သိထားတာ က သူတို့အဖွဲ့ကို Danger ဂိုဏ်းဆိုပြီး သိထားတယ်။ အခုမှ ပေါ်လာတာ မဟုတ်ဘူး၊လွန်ခဲ့တဲ့ ၂ နှစ်လောက်က တည်းကရှိနေတာ၊ တဖြည်းဖြည်းနဲ့ ဆိုးရွားလာတော့ လူထုကလည်းမခံ တော့ ပြန့်ကုန်တာ၊ အဖွဲ့ဝင် ၁၀ဝလောက် ရှိတယ်။ ဒီကြားထဲ မူးယစ်ဆေးဝါးသုံးစွဲနိုင်တယ်။ တောင့် တယ်လို့ပြောရ မှာပေါ့။ ဒါကြောင့် ဒေသခံတွေ ကလည်း လူကြီးသားသမီး တွေလား၊ ပိုက်ဆံရှိသားသမီးတွေလား၊ နောက်ကွယ်မှာဘယ်သူရှိနေလို့ ဒီ လောက်တောင် အဖွဲ့က အစစအရာရာ တောင့်တင်းရတာလဲပေါ့။ ပြီးတော့ သူတို့တွေက ဆိုင်ကယ်တွေနဲ့ပါ၊ သက်ဆိုင်အစိုးရအနေနဲ့ အသေအချာ ဖော်ထုတ်ပေးစေချင်တယ်"ဟု ၄င်းက ပြောသည်။
အဖွဲ့တွင် ပါဝင်သော လူငယ်များ သည် အသက် ၂၀ အောက်သာရှိမည် ဟု ခန့်မှန်းရကြောင်း၊ကျောင်းသား အရွယ်ဖြစ်သော်လည်း ကျောင်းသား ဟုတ်မဟုတ်ကို မသိရကြောင်း၊ ယခု ကဲ့သို့ အရွယ်လေးများအား ဒုစရိုက်မှု ထပ်မဖြစ်စေရန် လမ်းကြောင်းမှန်ပေါ် တင်ပေးစေလိုကြောင်း၊ ကလေးငယ် များမှာ ဆိုးသွမ်းသော်လည်း ရိုးသား သည်ဟုယူဆရ၍ နောက်ကွယ်တွင် ကြိုးကိုင်နေသူနှင့် မူးယစ်ဆေးဝါးပေး နေသူတို့အား အမှန်တကယ်ဖော်ထုတ် အရေးယူသင့်ကြောင်း၊ လူငယ်လေးများ အသိပညာပေး စည်းရုံးပြီး လမ်းကြောင်း မှန်ပေါ်တင်ပေးနိုင်ပါက နိုင်ငံတိုးတက် ရေးအတွက် အရေးပါတဲ့ လူငယ်များ ဖြစ်လာနိုင်ကြောင်း၊ အထက်ပါ ပုဂ္ဂိုလ် က လူထုပုံရိပ်သို့ ဆက်လက်ရှင်းပြ သည်။
"ဒါတွေက အရင်ကတည်းက ဖြစ်နေတာ၊ လူငယ်တွေ လမ်းသရဲပုံစံ မျိုးလေးတွေ လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက အိမ်ပေါ်တက် ဓားနဲ့ခုတ် တဲ့ သောင်းကျန်းမှုမျိုး လုပ်သွားသေး တယ်။ အခုလို လူငယ်ရာနဲ့ချီဖြစ်နေ တာ တကယ်နှမြောစရာကောင်းပါ တယ်။ အုပ်စုလိုက်ဆိုတော့ နောက် ကွယ်ကလူကို ဖော်ထုတ်သင့်တယ်"ဟု မြိတ်မြို့ခံတစ်ဦးက ဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့နယ်ဒုရဲမှူး ဦးနေလင်းအား ဆက်သွယ်မေး မြန်းရာ မြို့နယ်ရဲစခန်းသို့ လွှဲခဲ့ကြောင်း၊ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "အဲဒီကိစ္စ စစ်ဆေးနေတုန်း၊ မပြီးသေးဘူး၊ အတိ အကျ အသေးစိတ်ပြောပြလို့မရသေး ဘူး"ဟု ပြန်လည်ဖြေကြားသည်။
Susan

အေးချမ်းမွန်မှ THE PUBLIC IMAGEတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :THE PUBLIC IMAGE

By Aye Chan Mon

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment